2 Chronicles 22:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယေဟုသည်ထိုသူအားလုံးကိုသတ်ပြီး နောက် လူအချို့အားအာခဇိကိုလိုက်လံ ရှာဖွေစေ၏။ ထိုသူတို့သည်ရှမာရိမြို့တွင် ပုန်းအောင်းနေသောအာခဇိကိုတွေ့၍ ယေဟု ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ ထိုနောက်သူ့အား ကွပ်မျက်ကြလေသည်။ သို့ရာတွင်သူတို့ သည်ထာဝရဘုရား၏အမှုတော်ကိုအစွမ်း ကုန်ဆောင်ရွက်ခဲ့သူ ယောရှဖတ်မင်းကိုရိုသေ လေးစားသောအားဖြင့် သူ၏မြေးအာခဇိ ၏အလောင်းကိုသင်္ဂြိုဟ်လိုက်ကြ၏။ အာခဇိ အိမ်ထောင်စုမှတိုင်းပြည်ကိုအုပ်စိုးနိုင်သူ တစ်ဦးတစ်ယောက်မျှမကျန်မရှိတော့ ချေ။
Burmese 1835 Version Judson
ရှမာရိပြည်၌ ပုန်လျက်နေသော အာခဇိကို ရှာ၍ ဘမ်မိသောအခါ၊ ယေဘုထံသို့ ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုဟ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှ ဖတ်၏ အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှါ မတတ်နိုင်။
Burmese 1928
ရှ မာ ရိ မြို့၌ ပုန်း ရှောင် လျက် နေ သော အာ ခ ဇိ မင်း ကို လည်း လိုက် ရှာ ဖမ်း ဆီး၍၊ ယေ ဟု ထံ ပို့ အပ် ကွပ် မျက် ကြ ရာ၊ ထာ ဝ ရ ဘု ရား အား စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ ယော ရှ ဖတ် မင်း သား တော် ဖြစ် သည် ကို ထောက် ၍၊ စျာ ပ န ပြု ကြ လေ၏။ အာ ခ ဇိ မင်း မျိုး မှာ၊ နိုင် ငံ ကို အုပ် ချုပ် ရန် စွမ်း ရည် သ တ္တိ မ ရှိ ချေ။
Burmese 2021
ရှမာရိပြည်၌ ပုန်းလျက်နေသော အာခဇိကိုရှာ၍ ဖမ်းမိသောအခါ၊ ယေဟုထံသို့ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုဟ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှဖတ်၏အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှာ မတတ်နိုင်။
Burmese JBZV
Burmese MCLZV
Burmese MSBU
ထို့နောက် အာခဇိမင်းကြီးကို လိုက်ရှာရာ ရှမာရိမြို့၌ပုန်းနေစဉ် သူ့ကိုဖမ်းမိ၍ ယေဟုထံ ခေါ်ဆောင်လာရာ ယေဟုသည် သူ့ကိုကွပ်မျက်ပြီးလျှင် “သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှဖတ်မင်းကြီး၏မြေးတော်ဖြစ်သည်”ဟု ဆို၍ သူ့ကိုသင်္ဂြိုဟ်ပေးကြ၏။ အာခဇိမင်းကြီး၏အမျိုးအနွယ်တို့တွင် တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိသူ တစ်ယောက်မျှမရှိ။
Burmese MSBZ
Recommended Reading