2 Chronicles 26:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မင်းကြီးသည်အနောက်ဘက်တောင်ခြေရင်းရှိ တောင်ပူစာများနှင့် လွင်ပြင်များတွင်နွားအုပ် ကြီးများမွေးမြူထားသဖြင့် တောကန္တာရရှိ မြို့များကိုမျှော်စင်များနှင့်တကွတံတိုင်း ကာ၍ရေလှောင်ကန်အမြောက်အမြားကိုတူး တော်မူ၏။ မင်းကြီးသည်လယ်ယာစိုက်ပျိုးမှု ကိုဝါသနာပါသဖြင့် တောင်ကုန်းဒေသများ တွင်စပျစ်ဥယျာဉ်များစိုက်ပျိုးမှု၊ မြေ ကောင်းမြေသန့်များတွင်လယ်ယာများ စိုက်ပျိုးမှုကိုအားပေးတော်မူလေသည်။
Burmese 1835 Version Judson
တော၌လည်းရဲတိုက်တို့ကို တည်၏။ ရေတွင်း များကိုလည်း တူ၏။ ချိုင့်ဝှမ်းရာ အရပ်နှင့်မြေညီရာ အရပ်၌ များစွာသော သိုးနွားတို့ကို ဆည်းဖူး၍ တောင် အရပ်၊ မြေကောင်းသောအရပ်၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့ သော အမှုများကို ဝါသနာရှိ၏။
Burmese 1928
တိ ရ စ္ဆာန် များ စွာ ရှိ သော ကြောင့်၊ တော တွင်လည်း ကောင်း၊ ပျံ့ တွင်လည်း ကောင်း၊ ရှ ဖေ လာ ခ ရိုင် တွင် လည်း ကောင်း၊ ရဲ တိုက် တည် ခြင်း၊ ရေ တွင်း တူး ခြင်း များ ကို စီ မံ ပြီး လျှင်၊ မြေ အ လုပ် ကို ဝ သီ တော် ပါ သည် နှင့်၊ တောင် ယာ၊ ခြံ၊ စ ပျစ်၊ ဥ ယျာဉ် များ ၌၊ လုပ် သူ လုပ် သား များ ကို စေ ခိုင်း ၏။
Burmese 2021
တော၌လည်း ရဲတိုက်တို့ကို တည်၏။ ရေတွင်းများကိုလည်း တူး၏။ ချိုင့်ဝှမ်းရာအရပ်နှင့် မြေညီရာအရပ်၌ များစွာသော သိုးနွားတို့ကို ဆည်းပူး၍ တောင်အရပ်၊ မြေကောင်းသောအရပ်၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့သောအမှုများကို ဝါသနာရှိ၏။
Burmese JBZV
ေတာ၌လည္း ရဲတိုက္တို႔ကို တည္၏။ ေရတြင္းမ်ားကိုလည္း တူး၏။ ခ်ိဳင့္ဝွမ္းရာအရပ္ႏွင့္ ေျမညီရာအရပ္၌ မ်ားစြာေသာ သိုးႏြားတို႔ကို ဆည္းပူး၍ ေတာင္အရပ္၊ ေျမေကာင္းေသာအရပ္၌ လယ္လုပ္ေသာသူႏွင့္ စပ်စ္ဥယ်ာဥ္ ျပဳစုေသာသူတို႔ကိုလည္း ေစစား၏။ ထိုသို႔ေသာအမွုမ်ားကို ဝါသနာရွိ၏။
Burmese MCLZV
မင္းႀကီးသည္အေနာက္ဘက္ေတာင္ေျခရင္းရွိ ေတာင္ပူစာမ်ားႏွင့္ လြင္ျပင္မ်ားတြင္ႏြားအုပ္ ႀကီးမ်ားေမြးျမဴထားသျဖင့္ ေတာကႏၲာရရွိ ၿမိဳ႕မ်ားကိုေမၽွာ္စင္မ်ားႏွင့္တကြတံတိုင္း ကာ၍ေရေလွာင္ကန္အေျမာက္အျမားကိုတူး ေတာ္မူ၏။ မင္းႀကီးသည္လယ္ယာစိုက္ပ်ိဳးမွု ကိုဝါသနာပါသျဖင့္ ေတာင္ကုန္းေဒသမ်ား တြင္စပ်စ္ဥယ်ာဥ္မ်ားစိုက္ပ်ိဳးမွု၊ ေျမ ေကာင္းေျမသန႔္မ်ားတြင္လယ္ယာမ်ား စိုက္ပ်ိဳးမွုကိုအားေပးေတာ္မူေလသည္။
Burmese MSBU
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
Burmese MSBZ
ေျမနိမ့္ေဒသႏွင့္ လြင္ျပင္တို႔တြင္ သူပိုင္ဆိုင္ေသာတိရစာၦန္မ်ားစြာရွိေသာေၾကာင့္ ေတာထဲ၌ ေမွ်ာ္စင္မ်ားကိုေဆာက္လုပ္၏။ ေရတြင္းမ်ားစြာကိုလည္း တူး၏။ လယ္ယာစိုက္ပ်ိဳးေရးကို ဝါသနာပါေသာေၾကာင့္ ေတာင္ကုန္းမ်ား၊ သီးႏွံျဖစ္ထြန္းေသာေျမယာမ်ားတြင္ လယ္သမားမ်ား၊ စပ်စ္ၿခံလုပ္သားမ်ားကို ထားရွိ၏။