2 Chronicles 28:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ပြည်သူတို့သည်သုံ့ပန်းများအားလက်ရ ပစ္စည်းများထဲက အဝတ်အစားဝေငှပေးရေး အတွက်အကြီးအကဲလေးဦးကိုခန့်ကြ ၏။ အကြီးအကဲတို့သည်သုံ့ပန်းများဝတ် ဆင်ရန်အဝတ်အစားများ၊ ဖိနပ်များနှင့် စားရန်အစားအစာအလုံအလောက်ကို ပေး၍ သူတို့၏ဒဏ်ရာများကိုသံလွင်ဆီ နှင့်လိမ်းပေးကြ၏။ အားနည်းသူတို့ကို မြည်းစီးစေလျက် ယုဒနယ်မြေရှိစွန် ပလွံမြို့ခေါ်ယေရိခေါမြို့သို့အရောက် ပို့ကြ၏။ ထိုနောက်ဣသရေလအမျိုး သားတို့သည်ရှမာရိမြို့သို့ပြန်ကြ၏။
Burmese 1835 Version Judson
အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေ ကြ၏။ စားသောက်စရာဘို့ ပေးကြ၏။ ဆီနှင့်လိမ်း စေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာ တင်၍၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်း ဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ၊ ရှမာရိမြို့သို့ ပြန်သွား ကြ၏။
Burmese 1928
ထို အ ခါ၊ ဆို ခဲ့ သော အ ကြီး အ ကဲ တို့ သည် ထ သွား လျက်၊ သုံ့ ဘမ်း လူ များ ကို ခေါ် ပြီး လျှင်၊ အ ဝတ် နွမ်း သူ တို့ အား၊ အ ဝတ် နှင့် ဖိ နပ် များ ကို၊ လက် ရ ဥ စ္စာ ထဲ က ဝတ် ဆင် စေ ခြင်း၊ အ စား အ သောက် ကျွေး မွေး ခြင်း၊ ဆီ လိမ်း ကျံ စေ ခြင်း များ ပြု ပြီး နောက်၊ အား နည်း သူ တို့ ကို မြည်း စီး စေ လျက်၊ ဆွေ မျိုး သား ချင်း တို့ ရှိ ရာ၊ စွန် ပ လွံ မြို့ ခေါ်၊ ယေ ရိ ခေါ မြို့ ရောက် ပို့ ပြီး မှ၊ ရှ မာ ရိ မြို့ သို့ ပြန် ကြ ကုန် ၏။
Burmese 2021
အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသောသူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေကြ၏။ စားသောက်စရာဖို့ပေးကြ၏။ ဆီနှင့် လိမ်းစေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာတင်၍၊ သူတို့ ပေါက်ဖော်ရှိရာ ယေရိခေါမြို့တည်းဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြီးမှ၊ ရှမာရိမြို့သို့ ပြန်သွားကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ထိုအခါ နာမည်နှင့်တကွတာဝန်ရှိသူတို့သည် ထ၍ စစ်သုံ့ပန်းများကိုခေါ်ပြီး အဝတ်မရှိသူတို့အား တိုက်ရာပါပစ္စည်းများထဲမှအဝတ်များကိုဝတ်စေ၏။ အဝတ်အစားများ၊ ဖိနပ်များ၊ အစားအသောက်များ၊ လိမ်းစရာဆီများ စသည်တို့ကိုလည်းပေး၏။ အားမရှိသောသူတို့ကိုလည်း မြည်းပေါ်တင်ကာ သူတို့၏ဆွေမျိုးသားချင်းတို့ရှိရာ စွန်ပလွံမြို့ ခေါ် ဂျေရိခေါမြို့သို့ ပြန်ပို့ပြီးမှ ရှမာရိမြို့သို့ ပြန်လာကြ၏။
Burmese MSBZ