2 Chronicles 28:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဣသရေလတပ်မတော်သည်မိမိတို့၏ဆွေ မျိုးသားချင်းဖြစ်ကြသောအမျိုးသားတို့ အနက် ယုဒအမျိုးသမီးနှင့်ကလေးနှစ်သိန်း ကိုဖမ်းဆီး၍လက်ရပစ္စည်းအမြောက်အမြား နှင့်တကွရှမာရိမြို့သို့သိမ်းသွားကြ၏။
Burmese 1835 Version Judson
ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာသော ဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။
Burmese 1928
ဣ သ ရေ လ လူ မျိုး တို့ သည်၊ ကိုယ့် ဆွေ မျိုး သား ချင်း တို့ အ နက်၊ မိန်း မ နှင့် သား သ မီး ပါ၊ လူ ပေါင်း နှစ် သိန်း ကို သုံ့ ဘမ်း၍၊ လက် ရ ဥ စ္စာ များ နှင့် တ ကွ ရှ မာ ရိ မြို့ သို့ သိမ်း သွား လေ ၏။
Burmese 2021
ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဖော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီးပေါင်းနှစ်သိန်းကို ဖမ်းဆီးသိမ်းသွားကြ၏။ များစွာသောဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။
Burmese JBZV
ဣသေရလအမ်ိဳးသားတို႔သည္လည္း၊ မိမိတို႔ႏွင့္ ေပါက္ေဖာ္ေတာ္ေသာ ေယာက္်ား၊ မိန္းမ၊ သား၊ သမီးေပါင္းႏွစ္သိန္းကို ဖမ္းဆီးသိမ္းသြားၾက၏။ မ်ားစြာေသာဥစၥာကိုလည္း လုယူ၍ ရွာမာရိၿမိဳ႕သို႔ ေဆာင္သြားၾက၏။
Burmese MCLZV
ဣသေရလတပ္မေတာ္သည္မိမိတို႔၏ေဆြ မ်ိဳးသားခ်င္းျဖစ္ၾကေသာအမ်ိဳးသားတို႔ အနက္ ယုဒအမ်ိဳးသမီးႏွင့္ကေလးႏွစ္သိန္း ကိုဖမ္းဆီး၍လက္ရပစၥည္းအေျမာက္အျမား ႏွင့္တကြရွမာရိၿမိဳ႕သို႔သိမ္းသြားၾက၏။
Burmese MSBU
အစ္စရေးအမျိုးသားတို့သည် သူတို့၏ဆွေမျိုးသားချင်းထဲမှ မိန်းမများ၊ သားသမီးများစုစုပေါင်း နှစ်သိန်းတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့ထံမှ တိုက်ရာပါပစ္စည်းအများအပြားတို့ကိုလည်း သိမ်းယူပြီး ရှမာရိမြို့သို့ ယူဆောင်သွားကြ၏။
Burmese MSBZ
အစၥေရးအမ်ိဳးသားတို႔သည္ သူတို႔၏ေဆြမ်ိဳးသားခ်င္းထဲမွ မိန္းမမ်ား၊ သားသမီးမ်ားစုစုေပါင္း ႏွစ္သိန္းတို႔ကိုလည္း ဖမ္းဆီးေခၚေဆာင္သြားၾက၏။ သူတို႔ထံမွ တိုက္ရာပါပစၥည္းအမ်ားအျပားတို႔ကိုလည္း သိမ္းယူၿပီး ရွမာရိၿမိဳ႕သို႔ ယူေဆာင္သြားၾက၏။