2 Chronicles 30:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
လူအမြောက်အမြားပင်လျှင်ဘာသာရေးထုံး နည်းအရမသန့်စင်သူများဖြစ်သဖြင့် ပသခါ သိုးတို့ကိုမသတ်နိုင်ကြ။ သို့ဖြစ်၍သူတို့ကိုယ် စားလေဝိအနွယ်ဝင်များကသိုးတို့ကိုသတ် ပြီးလျှင် ထာဝရဘုရားအားဆက်ကပ်ပူဇော် ပေးကြ၏။-
Burmese 1835 Version Judson
မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
Burmese 1928
လူ ပ ရိ သတ် တို့ အ နက် ဧ ဖ ရိမ်၊ မ နာ ရှေ၊ ဣ သ ခါ၊ ဇာ ဗု လုန် အ နွယ် သား အ မြောက် အ မြား တို့ သည်၊ ကိုယ် ကို မ သန့် ရှင်း စေ ဘဲ၊ ပ ညတ် တ ရား တော် ကို ဖီ ဆန်၍ ပ သ ခါ ပွဲ ကို စား ကြ သော် လည်း၊ ဟေ ဇ ကိ မင်း က၊ ထုံး ဖွဲ့ တော် မူ ချက် တိုင်း မ သန့် ရှင်း ရ ဘဲ၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ရန် စိတ် စွဲ လမ်း သူ တိုင်း အား၊ ကောင်း မြတ် တော် မူ သော ထာ ဝ ရ ဘု ရား ချမ်း သာ ပေး တော် မူ ပါ စေ သော ဟု တောင်း လျှောက် သည် နှင့် အ ညီ၊ ထို သူ တို့ ကို ထာ ဝ ရ ဘုရား ချမ်း သာ ပေး တော် မူ သည် ဖြစ်၍၊ လေ ဝိ ဂိုဏ်း သား တို့ သည်၊ မ စင် ကြယ် သူ ဟူ သမျှ ကို ထာ ဝ ရ ဘု ရား ရှေ့ သန့် ရှင်း ရာ ရောက် စေ ရန်၊ ၎င်း တို့ အ ဖို့ ပ သ ခါ သိုး သား ငယ် များ ကို စီ ရင် ရ ကြ၏။
Burmese 2021
မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ပါသောကြောင့်၊ ထိုမသန့်ရှင်းသောသူ ရှိသမျှတို့ကို၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေခြင်းငှာ၊ ပသခါသိုးသငယ်သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
လူထုထဲတွင် မိမိကိုယ်ကိုသန့်ရှင်းခြင်းဝတ်မပြုထားသောသူများ များစွာရှိသောကြောင့် ထိုမသန့်ရှင်းသေးသောသူအပေါင်းတို့ကို ထာဝရဘုရားအဖို့ သန့်ရှင်းစေရန် လေဝိအမျိုးတို့သည် ပသခါသိုးသငယ်များကို သတ်ပေးကြ၏။
Burmese MSBZ