2 Chronicles 31:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ပွဲ​တော်​ပြီး​ဆုံး​သွား​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ သို့​သွား​လျက် ကျောက်​တိုင်​များ​ကို​ဖြို​ဖျက်​၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို​ခုတ် လှဲ​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​ဖြို​ဖျက်​ကြ​၏။ သူ​တို့ သည်​ယု​ဒ​နယ်​မြေ၊ ဗင်္ယာ​မိန်​နယ်​မြေ​နှင့်​မ​နာ​ရှေ နယ်​မြေ​တို့​တွင်​လည်း​ဤ​နည်း​အ​တိုင်း​ပြု​လုပ် ကြ​ပြီး​လျှင်​မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့ ပြန်​သွား​ကြ​၏။
Burmese 1835 Version Judson
ထိုအမှုလက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည်၊ ဗင်္သာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သော အရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။
Burmese 1928
ထို အ မှု ပြီး စီး ပြီး နောက်၊ စည်း ဝေး သော ဣ သ ရေ လ လူ အ ပေါင်း တို့ သည်၊ ယု ဒ မြို့ ရွာ များ သို့ ထွက် သွား၍၊ ယုဒ၊ ဗင်္ယာ မိန်၊ ဧ ဖ ရိမ်၊ မ နာ ရှေ နယ် များ ရှိ ကျောက် တိုင်၊ တံ ခွန် တိုင် များ ကို ခုတ် လှဲ ချိုး ဖဲ့ လျက်၊ မြင့် ရာ ဌာ န နှင့် ယဇ် ပ လ္လင် များ ကို ဖြို ဖျက် လျက်၊ မ ကြွင်း မ ကျန် ဖျက် ဆီး ပြီး မှ၊ နေ ရင်း မြို့ ရွာ ပိုင် ဆိုင် ရာ အိမ် သို့၊ အ သီး အ သီး ပြန် သွား ကြ၏။
Burmese 2021
ထို​အ​မှု လက်​စ​သတ်​သော​အ​ခါ၊ စည်း​ဝေး​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်၊ ယု​ဒ​မြို့​များ​သို့ ထွက်​သွား၍ ယု​ဒ​ပြည်၊ ဗင်္ယာ​မိန်​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည် အ​ရပ်​ရပ်၌​ရှိ​သော ရုပ်​တု​ဆင်း​တု၊ အာ​ရှ​ရ​ပင်၊ မြင့်​သော​အ​ရပ်၊ ယဇ်​ပ​လ္လင်​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင် ချိုး​ဖဲ့၊ ခုတ်​လှဲ​ဖြို​ချ​ကြ၏။ ထို​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး ပိုင်​ထိုက်​သော​နေ​ရာ မြို့​ရွာ​တို့​သို့ ပြန်​သွား​ကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ပွဲတော်​အမှုကိစ္စ​အားလုံး​ပြီးစီး​သွား​သောအခါ ပွဲတော်​သို့​လာရောက်​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ယုဒ​မြို့ရွာ​များ​သို့ ထွက်သွား​ပြီး အထွတ်အမြတ်​ကျောက်တိုင်​များ​ကို ချိုးဖျက်​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ပစ်​ကြ​၏​။ ယုဒ​ပြည်​၊ ဗင်္ယာမိန်​ပြည်​၊ ဧဖရိမ်​ပြည်​၊ မနာရှေ​ပြည် တစ်လျှောက်လုံး​ရှိ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ယဇ်ပလ္လင်​များ​ကို အပြီးတိုင်​ဖျက်ဆီး​ပစ်​ကြ​၏​။ ထို့နောက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် မိမိ​တို့​ဆိုင်ရာ​မြို့​များ​သို့ အသီးသီး​ပြန်သွား​ကြ​လေ​၏​။
Burmese MSBZ