2 Chronicles 31:19 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အာ​ရုန်​မှ​ဆင်း​သက်​လာ​သူ​တို့​အား​နေ​ရာ ချ​ထား​သည့်​မြို့​များ​၌​ဖြစ်​စေ၊ ထို​မြို့​တို့ နှင့်​သက်​ဆိုင်​သည့်​စား​ကျက်​များ​၌​ဖြစ်​စေ နေ​ထိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​တွင်​ရိက္ခာ ခွဲ​ဝေ​မှု​တာ​ဝန်​ခံ​များ​ရှိ​၏။ သူ​တို့​သည်​ယဇ် ပု​ရော​ဟိတ်​များ​၏​အိမ်​ထောင်​စု​ဝင်​ယောကျာ်း မှန်​သ​မျှ​နှင့် လေ​ဝိ​သား​ချင်း​စု​စာ​ရင်း ဝင်​သူ​မှန်​သ​မျှ​တို့​အား​စား​နပ်​ရိက္ခာ များ​ကို​ခွဲ​ဝေ​ပေး​ကြ​၏။
Burmese 1835 Version Judson
ထိုအတူ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယဇ်ပုရောဟိတ်၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန်သား ယဇ်ပုရောဟိတ် ယောက်ျား၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အား လည်း ပေးဝေရကြ၏။
Burmese 1928
ထို မြို့ များ တွင် လည်း၊ နိ ဂုံး ကျေး လက် နေ သော အာ ရုန့် အ နွယ် သား ပ ရော ဟိတ် အ ပေါင်း တို့ နှင့်၊ စာ ရင်း ဝင် သ မျှ သော လေ ဝိ ဂိုဏ်း သား တို့ အား ဝေ ငှ ရ သော သူ တို့ သည်၊ အ မည် စာ ရင်း နှင့် တ ကွ ရှိ သေး သ တည်း။
Burmese 2021
ထို​အ​တူ၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​နေ​စ​ရာ​ဖို့ ခွဲ​ထား​သော​မြို့​နယ်​တို့၌ နေ​သော အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ယောက်ျား၊ စာ​ရင်း​ဝင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​အား​လည်း ပေး​ဝေ​ရ​ကြ၏။
Burmese JBZV
ထို​အ​တူ၊ အ​ထက္​ဆို​ခဲ့​ၿပီး​ေသာ​သူ​တို႔​သည္ ယဇ္​ပု​ေရာ​ဟိတ္၊ ေလ​ဝိ​သား​ေန​စ​ရာ​ဖို႔ ခြဲ​ထား​ေသာ​ၿမိဳ႕​နယ္​တို႔၌ ေန​ေသာ အာ​႐ုန္​သား ယဇ္​ပု​ေရာ​ဟိတ္​ေယာက္်ား၊ စာ​ရင္း​ဝင္​ေသာ ေလ​ဝိ​သား​အ​ေပါင္း​တို႔​အား​လည္း ေပး​ေဝ​ရ​ၾက၏။
Burmese MCLZV
အာ​႐ုန္​မွ​ဆင္း​သက္​လာ​သူ​တို႔​အား​ေန​ရာ ခ်​ထား​သည့္​ၿမိဳ႕​မ်ား​၌​ျဖစ္​ေစ၊ ထို​ၿမိဳ႕​တို႔ ႏွင့္​သက္​ဆိုင္​သည့္​စား​က်က္​မ်ား​၌​ျဖစ္​ေစ ေန​ထိုင္​သူ​ယဇ္​ပု​ေရာ​ဟိတ္​မ်ား​တြင္​ရိကၡာ ခြဲ​ေဝ​မွု​တာ​ဝန္​ခံ​မ်ား​ရွိ​၏။ သူ​တို႔​သည္​ယဇ္ ပု​ေရာ​ဟိတ္​မ်ား​၏​အိမ္​ေထာင္​စု​ဝင္​ေယာက်ာ္း မွန္​သ​မၽွ​ႏွင့္ ေလ​ဝိ​သား​ခ်င္း​စု​စာ​ရင္း ဝင္​သူ​မွန္​သ​မၽွ​တို႔​အား​စား​နပ္​ရိကၡာ မ်ား​ကို​ခြဲ​ေဝ​ေပး​ၾက​၏။
Burmese MSBU
မြို့ပြ​တစ်မြို့စီ​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​တွင် နေထိုင်​ကြ​သော အာရုန်​သားမြေး​ယဇ်ပုရောဟိတ်​များ​ထဲမှ နာမည်​နှင့်တကွ ခွဲခန့်​ထား​သော ယောက်ျား​တို့​သည် ယဇ်ပုရောဟိတ်​အမျိုး​ယောက်ျားသား​အားလုံး​နှင့် လေဝိ​အမျိုး​စာရင်းဝင်​သူ​အားလုံး​တို့​ကို ဝေစု​ခွဲဝေ​ပေး​ရ​၏​။
Burmese MSBZ
ၿမိဳ႕ျပ​တစ္ၿမိဳ႕စီ​ႏွင့္ ဝန္းက်င္​ရွိ​စားက်က္ေျမ​မ်ား​တြင္ ေနထိုင္​ၾက​ေသာ အာ႐ုန္​သားေျမး​ယဇ္ပုေရာဟိတ္​မ်ား​ထဲမွ နာမည္​ႏွင့္တကြ ခြဲခန႔္​ထား​ေသာ ေယာက္်ား​တို႔​သည္ ယဇ္ပုေရာဟိတ္​အမ်ိဳး​ေယာက္်ားသား​အားလုံး​ႏွင့္ ေလဝိ​အမ်ိဳး​စာရင္းဝင္​သူ​အားလုံး​တို႔​ကို ေဝစု​ခြဲေဝ​ေပး​ရ​၏​။