2 Chronicles 32:33 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​အ​ထက်​ပိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ သူ​ကွယ်​လွန်​ချိန်​၌​ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​သူ့​အား အ​ထူး​ဂုဏ်​ပြု​ကြ​၏။ သား​တော်​မ​နာ​ရှေ သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
Burmese 1835 Version Judson
ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ် ၏သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Burmese 1928
ဟေ ဇ ကိ မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ ဒါ ဝိဒ် မင်း သား တော် အ စဉ် မြေး တော် အ ဆက် တို့ သင်္ချိုင်း တော် အ ထက် ပိုင်း တွင်၊ စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား အ ပေါင်း တို့ အ လေး အ မြတ် ပြု ကြ၏။ သား တော် မ နာ ရှေ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
Burmese 2021
ဟေ​ဇ​ကိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်၏​သား​တော် မြေး​တော်​တို့ သင်္ချိုင်း​တွင် အ​မြတ်​ဆုံး​သော​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ပြု​လေ၏။ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည်၊ ဟေ​ဇ​ကိ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ ဂုဏ်​အ​သ​ရေ​တော်​ကို ချီး​မြှောက်​ကြ၏။ သား​တော်​မ​နာ​ရှေ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​သားမြေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​တောင်ကုန်း​ပေါ်တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​အနိစ္စ​ရောက်​သောအခါ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် သူ့​ကို ဂုဏ်ပြု​ကြ​၏​။ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။
Burmese MSBZ