2 Chronicles 33:6 — Compare Translations
7 translations compared side by side
Burmese (BCL) (Common Language Bible)
မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
Burmese 1928
သား တော် သ မီး တော် တို့ ကို ဟိ န္နုံ ချိုင့် တွင် မီး ဖြင့် ဆက် ကပ်၍၊ ဗေ ဒင်၊ ဇော် ဂ နီ နှင့် ပ ရော ဂ အ တတ် ကို လေ့ လာ လျက်၊ က ဝေ နှင့် မှော် ဝင် တို့ ကို ချီး မြှင့် လျက်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင်၊ အ မျက် တော် တိုက် ဆိုး သွမ်း မှု ကို များ စွာ ပြု လေ ၏။
Burmese 2021
မိမိသားတို့ကို ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကိုကြည့်တတ်၏။ ပြုစားသောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်၍၊ စုန်းနှင့် နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌များစွာသော ဒုစရိုက်ကိုပြု၏။
Burmese JBZV
မိမိသားတို႔ကို ဟိႏၷဳံသားခ်ိဳင့္၌ မီးျဖင့္ပူေဇာ္၏။ ကာလေဗဒင္ကိုၾကည့္တတ္၏။ ျပဳစားေသာအတတ္၊ နတ္ဝိဇၨာအတတ္ကို သုံးေဆာင္၍၊ စုန္းႏွင့္ နတ္ဝင္တို႔ကိုလည္း အခြင့္ေပး၏။ ထာဝရဘုရား၏အမ်က္ေတာ္ကို ႏွိုးေဆာ္ျခင္းငွာ ေရွ႕ေတာ္၌မ်ားစြာေသာ ဒုစရိုက္ကိုျပဳ၏။
Burmese MCLZV
မိမိ၏သားေတာ္မ်ားကိုဟိႏၷဳံခ်ိဳင့္တြင္မီးျဖင့္ ပူေဇာ္၏။ မင္းႀကီးသည္နတ္ဝိဇၨာအတတ္ႏွင့္ေမွာ္ အတတ္မ်ားကိုက်င့္သုံး၍ေဗဒင္ဆရာႏွင့္နတ္ ဝင္သည့္သူတို႔ထံမွအႀကံဉာဏ္မ်ားကိုေတာင္း ယူတတ္ေလသည္။ သူသည္ထာဝရဘုရားအား လြန္စြာျပစ္မွား၍အမ်က္ေတာ္ကိုလွုံ႔ေဆာ္ ေပး၏။-
Burmese MSBU
ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် မိမိသားတို့ကိုလည်း မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်၊ မှော်အတတ်တို့ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
Burmese MSBZ
ဗင္ဟိႏၷဳံခ်ိဳင့္ဝွမ္းတြင္ မိမိသားတို႔ကိုလည္း မီးရႈိ႕ပူေဇာ္၏။ ေဗဒင္အတတ္၊ ဟူးရားအတတ္၊ ေမွာ္အတတ္တို႔ကို လိုက္စားသည္သာမက နတ္ဝင္သည္၊ နတ္ထိန္းသည္တို႔အား ေမးျမန္းေသာအေလ့အထကိုလည္း က်င့္သုံး၏။ ဤသို႔မေကာင္းမႈမ်ားကိုျပဳလ်က္ ထာဝရဘုရားကို အမ်က္ထြက္ေစ၏။