2 Chronicles 35:20 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယောရှိမင်းသည်ဗိမာန်တော်အတွက်ဤသို့ သောအမှုအရာများကိုဆောင်ရွက်ပြီးချိန် ၌ အီဂျစ်ဘုရင်နေခေါသည်ဥဖရတ်မြစ်ပေါ် ရှိခါခေမိတ်မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ လေသည်။ ယောရှိသည်သူ့အားဆီးတားရန် ချီတက်ရာ၊-
Burmese 1835 Version Judson
ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင် ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှါ ထွက်လေ၏။
Burmese 1928
ယော ရှိ မင်း သည်၊ ဗိ မာန် တော် အ မှု ကို အ ကုန် အ စင် စီ မံ ပြီး နောက်၊ ဥ ဖ ရတ် မြစ် အ နီး၊ ခါ ခေ မိတ် မြို့ သို့ စစ် ချီ၍ လာ သော အိ ဂျစ် ဘု ရင် နေ ခေါ မင်း ကို ဆီး ဆို့ ရန်၊ ချီ ထွက် သည့် ကာ လ၊
Burmese 2021
ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင်ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှာ ထွက်လေ၏။
Burmese JBZV
ထိုေနာက္မွ၊ ေယာရွိသည္ ဗိမာန္ေတာ္ကို ျပင္ဆင္ၿပီးမွ၊ အဲဂုတၱဳရွင္ဘုရင္ေနေခါသည္ ဥဖရတ္ျမစ္နား၊ ခါေခမိတ္ၿမိဳ႕သို႔ စစ္ခ်ီသည္တြင္၊ ေယာရွိမင္းသည္ ဆီးတားျခင္းငွာ ထြက္ေလ၏။
Burmese MCLZV
ေယာရွိမင္းသည္ဗိမာန္ေတာ္အတြက္ဤသို႔ ေသာအမွုအရာမ်ားကိုေဆာင္ရြက္ၿပီးခ်ိန္ ၌ အီဂ်စ္ဘုရင္ေနေခါသည္ဥဖရတ္ျမစ္ေပၚ ရွိခါေခမိတ္ၿမိဳ႕ကိုတိုက္ခိုက္ရန္ခ်ီတက္လာ ေလသည္။ ေယာရွိသည္သူ႔အားဆီးတားရန္ ခ်ီတက္ရာ၊-
Burmese MSBU
ဤသို့ ယောရှိမင်းကြီး အိမ်တော်ကိုပြင်ဆင်ပြီးသည့်နောက်တွင် အီဂျစ်ဘုရင်နေခေါမင်းကြီးသည် ယူဖရေးတီးမြစ်နားရှိ ကာခေမိတ်မြို့ကို ချီတက်တိုက်ခိုက်ရာ ယောရှိမင်းကြီးသည် သူနှင့်ရင်ဆိုင်ရန် စစ်ချီထွက်ခဲ့၏။
Burmese MSBZ
ဤသို႔ ေယာရွိမင္းႀကီး အိမ္ေတာ္ကိုျပင္ဆင္ၿပီးသည့္ေနာက္တြင္ အီဂ်စ္ဘုရင္ေနေခါမင္းႀကီးသည္ ယူဖေရးတီးျမစ္နားရွိ ကာေခမိတ္ၿမိဳ႕ကို ခ်ီတက္တိုက္ခိုက္ရာ ေယာရွိမင္းႀကီးသည္ သူႏွင့္ရင္ဆိုင္ရန္ စစ္ခ်ီထြက္ခဲ့၏။