2 Chronicles 5:2 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​နောက်​ရှော​လ​မုန်​မင်း​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို ဇိ​အုန်​မည်​သော​ဒါ​ဝိဒ်​မြို့​မှ​ပင့်​ဆောင် ရန်​အ​တွက် ဣသ​ရေ​လ​အ​နွယ်​များ​နှင့်​သား ချင်း​စု​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို ယေ​ရု ရှ​လင်​မြို့​တွင်​စု​ရုံး​ရန်​ဆင့်​ခေါ်​တော်​မူ​၏။-
Burmese 1835 Version Judson
ထိုအခါထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှာ ဆောင်ခဲ့လိုသော ငှါ၊ ရှောလမုန်သည်။ ဣသရေလအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သောခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊
Burmese 1928
ထို အ ခါ ရှော လ မုန် မင်း သည် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေတ္တာ ကို ဇိ အုန် ခေါ် ဒါ ဝိဒ် မြို့ တော် မှ ပင့် ဆောင် ရန် ကြံ ရွယ် လျက် ဣ သ ရေ လ လူ ကြီး တည်း ဟူ သော အ မျိုး အ နွယ် ဦး စီး ဦး ခိုင်၊ အိမ် ထောင် အ ကြီး အ ကဲ ဟူ သ မျှ ကို ယေ ရု ရှ လင် မြို့ သို့ ဆင့် ခေါ် လေ ၏။
Burmese 2021
ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ကို​အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊
Burmese JBZV
ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဥ္​ေသ​တၱာ​ေတာ္​ကို၊ ဇိ​အုန္​မည္​ေသာ ဒါ​ဝိဒ္​ၿမိဳ႕​မွ ေဆာင္​ခဲ့​လို​ေသာ​ငွာ၊ ေရွာ​လ​မုန္​သည္ ဣ​သ​ေရ​လ အ​မ်ိဳး​အ​သက္​ႀကီး​သူ​အ​ေပါင္း​တို႔​ႏွင့္ ဣ​သ​ေရ​လ အ​ေဆြ​အ​မ်ိဳး အ​သီး​အ​သီး​ကို​အုပ္​ေသာ ေခါင္း​မင္း​အ​ေပါင္း​တို႔​ကို၊ ေယ​႐ု​ရွ​လင္​ၿမိဳ႕​သို႔ ေခၚ​ေတာ္​မူ​သည္​အ​တိုင္း၊
Burmese MCLZV
ထို​ေနာက္​ေရွာ​လ​မုန္​မင္း​သည္​ပ​ဋိ​ညာဥ္​ေသတၱာ ေတာ္​ကို ဇိ​အုန္​မည္​ေသာ​ဒါ​ဝိဒ္​ၿမိဳ႕​မွ​ပင့္​ေဆာင္ ရန္​အ​တြက္ ဣသ​ေရ​လ​အ​ႏြယ္​မ်ား​ႏွင့္​သား ခ်င္း​စု​ေခါင္း​ေဆာင္​အ​ေပါင္း​တို႔​ကို ေယ​႐ု ရွ​လင္​ၿမိဳ႕​တြင္​စု​႐ုံး​ရန္​ဆင့္​ေခၚ​ေတာ္​မူ​၏။-
Burmese MSBU
ထို့နောက်တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ဒါဝိဒ်​မြို့ ခေါ်​ဇိအုန်​မြို့​သို့ ယူဆောင်​လာ​ရန် ရှောလမုန်​မင်းကြီး​သည် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​များ​ဖြစ်​သော အမျိုးအနွယ်​တို့​၏​အကြီးအမှူး​အပေါင်း​တို့​အား ဂျေရုဆလင်​မြို့​သို့ လာရောက်​စုရုံး​စေ​၏​။
Burmese MSBZ
ထို႔ေနာက္တြင္ ထာဝရဘုရား​၏​ပဋိညာဥ္​ေသတၱာ​ေတာ္​ကို ဒါဝိဒ္​ၿမိဳ႕ ေခၚ​ဇိအုန္​ၿမိဳ႕​သို႔ ယူေဆာင္​လာ​ရန္ ေရွာလမုန္​မင္းႀကီး​သည္ အစၥေရး​သက္ႀကီးဝါႀကီး​မ်ား​၊ အစၥေရး​အမ်ိဳးသား​တို႔​၏​ဘိုးေဘး​အိမ္ေထာင္စု​ေခါင္းေဆာင္​မ်ား​ျဖစ္​ေသာ အမ်ိဳးအႏြယ္​တို႔​၏​အႀကီးအမႉး​အေပါင္း​တို႔​အား ေဂ်႐ုဆလင္​ၿမိဳ႕​သို႔ လာေရာက္​စု႐ုံး​ေစ​၏​။