2 Chronicles 8:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မင်းကြီးသည်အဘယ်ဣသရေလအမျိုးသား ကိုမျှချွေးတပ်တွင်အသုံးပြုတော်မမူ။ သူ တို့သည်စစ်သူရဲများ၊ တပ်မှူးများ၊ စစ်ရထား မှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့် အမှုထမ်းရကြလေသည်။-
Burmese 1835 Version Judson
ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန် သည် အမှုတော်ထမ်းကျွန်မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော် မူ၏။
Burmese 1928
ဣ သ ရေ လ အ မျိုး သား တို့ ကို လ မိုင်း အ မှု ထမ်း မ ဖွဲ့ ဘဲ ရဲ မက် တော်၊ စစ် ကဲ ချုပ်၊ ရ ထား တပ် ဗိုလ်၊ မြင်း တပ် ဗိုလ် ရာ ထူး များ တွင် သာ ခန့် ထား လေ ၏။
Burmese 2021
ဣသရေလ အမျိုးသားတို့ကိုကား၊ ရှောလမုန်သည် အမှုတော်ထမ်းကျွန် မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော်မူ၏။
Burmese JBZV
ဣသေရလ အမ်ိဳးသားတို႔ကိုကား၊ ေရွာလမုန္သည္ အမွုေတာ္ထမ္းကၽြန္ မခံေစ။ စစ္သူရဲ၊ မွူးမတ္၊ စစ္ကဲ၊ ရထားေတာ္အုပ္၊ ျမင္းေတာ္အုပ္အရာ၌ ခန္႔ထားေတာ္မူ၏။
Burmese MCLZV
မင္းႀကီးသည္အဘယ္ဣသေရလအမ်ိဳးသား ကိုမၽွေခၽြးတပ္တြင္အသုံးျပဳေတာ္မမူ။ သူ တို႔သည္စစ္သူရဲမ်ား၊ တပ္မွူးမ်ား၊ စစ္ရထား မွူးမ်ားႏွင့္ ျမင္းစီးသူရဲမ်ားအျဖစ္ျဖင့္ အမွုထမ္းရၾကေလသည္။-
Burmese MSBU
ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ကျွန်အဖြစ်မထားရှိဘဲ စစ်သူရဲများ၊ မင်းမှုထမ်းများ၊ အကြီးအကဲများ၊ တပ်မှူးများ၊ ရထားမှူးများ၊ မြင်းစီးသူရဲများအဖြစ် ထားရှိ၏။
Burmese MSBZ
ေရွာလမုန္မင္းႀကီးသည္ အစၥေရးလူမ်ိဳးတို႔ကို ကြၽန္အျဖစ္မထားရွိဘဲ စစ္သူရဲမ်ား၊ မင္းမႈထမ္းမ်ား၊ အႀကီးအကဲမ်ား၊ တပ္မႉးမ်ား၊ ရထားမႉးမ်ား၊ ျမင္းစီးသူရဲမ်ားအျဖစ္ ထားရွိ၏။