2 Chronicles 9:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-
Burmese 1835 Version Judson
ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏ သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ၏။
Burmese 1928
ရှေ ဘ ပြည့် ရှင် ဘု ရင် မ သည် ရှော လ မုန် မင်း ၏ ကျော် စော ကိ တ္တိ သ တင်း ကို ကြား လျှင် နံ့ သာ မျိုး၊ ကျောက် မျက်၊ ရွှေ အ မြောက် အ မြား ကို တင် ဆောင် သော ကု လား အုပ် တို့ နှင့် တ ကွ များ စွာ သော အ ခြံ အ ရံ တို့ ပါ ယေ ရု ရှ လင် မြို့ သို့၊ စ ကား ဝှက် များ ဖြင့် စုံ စမ်း ရန် ရောက် ၍ ရှော လ မုန် မင်း ထံ ဝင် ပြီး လျှင် စိတ်၌ ကြံ စည် သ မျှ ကို စော ဒ နာ တင် သည့် ကာ လ
Burmese 2021
ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏သတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှာ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဖိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုတ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ လာ၏။
Burmese JBZV
ေရွဘျပည္ကိုအစိုးရေသာ မိဖုရားသည္ ေရွာလမုန္၏သတင္းကိုၾကားလၽွင္၊ နက္နဲခက္ခဲေသာ ျပႆနာအားျဖင့္ သူ႔ကိုစုံစမ္းျခင္းငွာ၊ နံ့သာမ်ိဳးႏွင့္ မ်ားစြာေသာေရႊ၊ အဖိုးထိုက္ေသာ ေက်ာက္တို႔ကိုေဆာင္ေသာ ကုလားအုတ္မ်ား၊ လိုက္ေသာသူမ်ားႏွင့္တကြ ေယ႐ုရွလင္ၿမိဳ႕သို႔ လာ၏။
Burmese MCLZV
ေရွဘျပည္ဘုရင္မသည္ေရွာလမုန္၏ဂုဏ္ သတင္းကိုၾကားသိရသျဖင့္ ခက္ခဲေသာပုစၧာ မ်ားျဖင့္မင္းႀကီးအားပညာစမ္းရန္ေယ႐ု ရွလင္ၿမိဳ႕သို႔ႂကြလာေတာ္မူ၏။ ဘုရင္မ သည္မ်ားစြာေသာအေႁခြအရံလိုက္ပါ လ်က္နံ့သာမ်ိဳးမ်ား၊ ေက်ာက္မ်က္ရတနာ မ်ား၊ ေရႊအေျမာက္အျမားတင္ေဆာင္သည့္ ကုလားအုတ္မ်ားႏွင့္ေရာက္ရွိလာေလသည္။ သူသည္မင္းႀကီး၏ေရွ႕ေတာ္သို႔ေရာက္ရွိ လာေသာအခါမိမိစဥ္းစားရသမၽွေသာ ပုစၧာတို႔ကိုေမးေတာ္မူ၏။-
Burmese MSBU
ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။ သူသည် မြောက်မြားစွာသော အမွှေးနံ့သာများ၊ ရွှေများနှင့် အဖိုးတန်ကျောက်များကို ကုလားအုတ်များပေါ်တင်ဆောင်လျက် နောက်လိုက်ဗိုလ်ပါအများအပြားတို့နှင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ ရှောလမုန်မင်းကြီးထံသို့ဝင်ကာ စိတ်ထဲ၌ရှိသမျှတို့ကို မေးမြန်းပြောဆိုလေ၏။
Burmese MSBZ
ေရွာလမုန္မင္းႀကီး ဂုဏ္သတင္းႀကီးသည္ကို ေရွဘဘုရင္မၾကားသိေသာအခါ ေရွာလမုန္မင္းႀကီးကို စကားထာဝွက္၍ ပညာစမ္းရန္ ေရာက္ရွိလာ၏။ သူသည္ ေျမာက္ျမားစြာေသာ အေမႊးနံ႔သာမ်ား၊ ေ႐ႊမ်ားႏွင့္ အဖိုးတန္ေက်ာက္မ်ားကို ကုလားအုတ္မ်ားေပၚတင္ေဆာင္လ်က္ ေနာက္လိုက္ဗိုလ္ပါအမ်ားအျပားတို႔ႏွင့္ ေဂ်႐ုဆလင္ၿမိဳ႕သို႔ေရာက္လာ၍ ေရွာလမုန္မင္းႀကီးထံသို႔ဝင္ကာ စိတ္ထဲ၌ရွိသမွ်တို႔ကို ေမးျမန္းေျပာဆိုေလ၏။
Recommended Reading