2 Corinthians 13:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။
Burmese 1835 Version Judson
ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်၊ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။
Burmese 1928
ထို အ ကြောင်း ကြောင့် ဖြို လဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သော အ ခွင့် အာ ဏာ အ လျောက် ငါ ရောက် လာ သော် ကြပ် တည်း စွာ မ ပြု ရ စေ ခြင်း ငှာ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဤ သို့ ရေး လိုက်၏။
Burmese 2021
ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်၊ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။
Burmese JBZV
ထိုေၾကာင့္ ပယ္ရွင္းဖ်က္ဆီးျခင္းအလိုငွာ မဟုတ္၊ တည္ေဆာက္ျခင္းအလိုငွာ သခင္ဘုရားသည္ ငါ၌ အပ္ေပးေတာ္မူေသာ တန္ခိုးရွိသည္အတိုင္း ငါသည္ ေရာက္လာေသာအခါ ျပင္းစြာေသာဒဏ္ကို မေပးလို၍၊ ယခုသင္တို႔ႏွင့္ ကြာေဝးေသးသည္ကာလ ဤသို႔ ငါေရးလိုက္၏။
Burmese MCLZV
သင္တို႔ႏွင့္ေဝးကြာသည္ကာလဤစာကိုေရးရ ျခင္းမွာငါလာေသာအခါ သခင္ဘုရားငါ့အား ေပးေတာ္မူသည့္အခြင့္အာဏာကိုျပင္းျပင္းထန္ ထန္အသုံးမျပဳရေစရန္ပင္ျဖစ္ေပသည္။ ထိုအခြင့္ အာဏာသည္သင္တို႔အားျပဳစုပ်ိဳးေထာင္ေပးရန္ အတြက္ျဖစ္၏။ ၿဖိဳဖ်က္ပစ္ရန္အတြက္မဟုတ္။
Burmese MSBU
ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။
Burmese MSBZ
ဤအေၾကာင္းေၾကာင့္ ၿဖိဳဖ်က္ရန္အတြက္မဟုတ္ဘဲ တည္ေဆာက္ရန္အတြက္ ငါ့အား သခင္ဘုရားေပးေတာ္မူေသာအခြင့္အာဏာကို ငါေရာက္လာေသာအခါ ျပင္းထန္စြာအသုံးမခ်ရရန္ ငါသည္ သင္တို႔ႏွင့္ကြဲကြာေနစဥ္ ဤအေၾကာင္းအရာမ်ားကို ေရးလိုက္၏။