2 Corinthians 3:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤသို့ဆိုရာ၌ငါတို့သည်ဝါကြွားရာ ရောက်သလော။ အချို့သောသူတို့ကဲ့သို့ ငါတို့သည်ထောက်ခံစာများကိုသင်တို့ အားပေးရန်လိုသလော။ သို့တည်းမဟုတ် သင်တို့ထံမှငါတို့ထောက်ခံစာများကို တောင်းရန်လိုသလော။-
Burmese 1835 Version Judson
ငါတို့သည် တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြ သလော။ သို့မဟုတ်ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတပါးပေးစေခြင်းငှါ၎င်း၊ သင်တို့သည်သူတပါးထံသို့ ပေးစေခြင်းငှါ၎င်း၊ ငါတို့သည်အချို့သောသူကဲ့သို့ အလိုရှိကြသလော။
Burmese 1928
ထို သို့ ဆို ရာ၌ ငါ တို့ သည် ကိုယ် ကို ထောက် ခံ ရာ ရောက် ပြန် ကြ သ လော။ သင် တို့ ထံ သို့ ဖြစ် စေ၊ သင် တို့ ထံ မှ ဖြစ် စေ၊ အ ချို့ တို့ ကဲ့ သို့ အ ထောက် အ ခံ လက် မှတ် များ ကို လို ကြ သ လော။
Burmese 2021
ငါတို့သည် တစ်ဖန် ကိုယ်ကိုကိုယ် ချီးမွမ်းကြသလော။ သို့မဟုတ် ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတစ်ပါး ပေးစေခြင်းငှာလည်းကောင်း၊ သင်တို့သည် သူတစ်ပါးထံသို့ ပေးစေခြင်းငှာလည်းကောင်း၊ ငါတို့သည် အချို့သောသူကဲ့သို့ အလိုရှိကြသလော။-
Burmese JBZV
ငါတို႔သည္ တစ္ဖန္ ကိုယ္ကိုကိုယ္ ခ်ီးမြမ္းၾကသေလာ။ သို႔မဟုတ္ ခ်ီးမြမ္းေသာစာကို သင္တို႔ထံသို႔ သူတစ္ပါး ေပးေစျခင္းငွာလည္းေကာင္း၊ သင္တို႔သည္ သူတစ္ပါးထံသို႔ ေပးေစျခင္းငွာလည္းေကာင္း၊ ငါတို႔သည္ အခ်ိဳ႕ေသာသူကဲ့သို႔ အလိုရွိၾကသေလာ။-
Burmese MCLZV
ဤသို႔ဆိုရာ၌ငါတို႔သည္ဝါႂကြားရာ ေရာက္သေလာ။ အခ်ိဳ႕ေသာသူတို႔ကဲ့သို႔ ငါတို႔သည္ေထာက္ခံစာမ်ားကိုသင္တို႔ အားေပးရန္လိုသေလာ။ သို႔တည္းမဟုတ္ သင္တို႔ထံမွငါတို႔ေထာက္ခံစာမ်ားကို ေတာင္းရန္လိုသေလာ။-
Burmese MSBU
ငါတို့သည် တစ်ဖန် မိမိကိုယ်ကိုထောက်ခံချီးကျူးနေကြသလော။ သို့မဟုတ်လျှင် ငါတို့သည် အခြားသောသူများကဲ့သို့ သူတစ်ပါးထောက်ခံပေးသောစာ၊ သို့မဟုတ် သင်တို့ထောက်ခံပေးသောစာကို လိုအပ်သလော။
Burmese MSBZ
ငါတို႔သည္ တစ္ဖန္ မိမိကိုယ္ကိုေထာက္ခံခ်ီးက်ဴးေနၾကသေလာ။ သို႔မဟုတ္လွ်င္ ငါတို႔သည္ အျခားေသာသူမ်ားကဲ့သို႔ သူတစ္ပါးေထာက္ခံေပးေသာစာ၊ သို႔မဟုတ္ သင္တို႔ေထာက္ခံေပးေသာစာကို လိုအပ္သေလာ။