2 Corinthians 3:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
Burmese 1835 Version Judson
ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည့်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွါး၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
Burmese 1928
သို့ ဖြစ်၍ ငါ တို့ ရှိ သ မျှ သည် အ ရှင် ဘု ရား၏ ဘုန်း တော် ကို ဝိ ညာဉ် တော် အ ရှင် ဘု ရား အ ထံ တော် မှ ခံ ရ သည့် အ လျောက် အ ဖုံး မ ဆင် ယင် သော မျက် နှာ များ ဖြင့် မှန် ရိပ် သ ဖွယ် ပြ လျက် ဘုန်း တော် အ ဆင့် ဆင့် သို့ ရောက်၍ ပုံ သ ဏ္ဌာန် တော် အ လိုက် အ ဆင်း ပြောင်း ရ ကြ ၏။
Burmese 2021
ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်း ရှိရကြ၏။
Burmese JBZV
ငါတို႔ရွိသမၽွသည္ မ်က္ႏွာဖုံးကိုဖြင့္လ်က္ မွန္ကို ၾကည့္သကဲ့သို႔၊ သခင္ဘုရား၏ ဘုန္းအသေရေတာ္ကို ၾကည့္ျမင္၍၊ ဝိညာဥ္ေတာ္တရား၏ အရွင္သည္ ေရာင္ျခည္ေတာ္ကို လႊတ္ေတာ္မူသည္အတိုင္း၊ ငါတို႔သည္ ဘုန္းအသေရ တိုးပြား၍ ပုံသဏၭာန္ေတာ္ႏွင့္အညီ ေျပာင္းလဲျခင္း ရွိရၾက၏။
Burmese MCLZV
သို႔ျဖစ္၍ငါတို႔အားလုံးသည္မ်က္ႏွာဖုံးမရွိ ေတာ့ဘဲသခင္ဘုရား၏ဘုန္းအသေရေတာ္ကို ေရာင္ျပန္ဟပ္လ်က္ရွိၾက၏။ ဝိညာဥ္ေတာ္တည္း ဟူေသာသခင္ဘုရားမွလႊတ္ေသာထိုဘုန္း အသေရေတာ္သည္ ငါတို႔အားအစဥ္တစိုက္ ဘုန္းအသေရတိုးပြားေစ၍ကိုယ္ေတာ္၏ပုံ သဏၭာန္ေတာ္သို႔ေျပာင္းလဲေစလ်က္ရွိ၏။
Burmese MSBU
ငါတို့ရှိသမျှသည်လည်း မျက်နှာလွှားမပါသောမျက်နှာပေါ်တွင် သခင်ဘုရား၏ဘုန်းတော်ကို ထင်ဟပ်စေလျက် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားအားဖြင့် ဘုန်းတော်မှ ဘုန်းတော်သို့ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်းကိုခံရကြ၏။
Burmese MSBZ
ငါတို႔ရွိသမွ်သည္လည္း မ်က္ႏွာလႊားမပါေသာမ်က္ႏွာေပၚတြင္ သခင္ဘုရား၏ဘုန္းေတာ္ကို ထင္ဟပ္ေစလ်က္ ကိုယ္ေတာ္၏ပုံသဏၭာန္ေတာ္ႏွင့္အညီ ဝိညာဥ္ေတာ္ျဖစ္ေသာ သခင္ဘုရားအားျဖင့္ ဘုန္းေတာ္မွ ဘုန္းေတာ္သို႔ ပုံသဏၭာန္ေျပာင္းလဲေစျခင္းကိုခံရၾက၏။