2 Corinthians 9:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်သင်တို့အကြောင်းငါတို့ကြွားဝါ ပြောဆိုခဲ့သမျှတို့သည်မှန်ကန်ကြောင်းသိ သာစေရန် ဤညီအစ်ကိုများကိုသင်တို့ထံ သို့စေလွှတ်လိုက်၏။ ငါဖော်ပြခဲ့သည်အတိုင်း သင်တို့၏အလှူကိုအသင့်ပြင်ဆင်ထား ကြလော့။-
Burmese 1835 Version Judson
သို့သော်လည်းငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည် ဤအမှု၌ အချည်းနှီး မဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည်အသင့် ရှိစေခြင်းငှါ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။
Burmese 1928
သို့ ရာ တွင် ဤ အ မှု နှင့် စပ်၍ သင် တို့ ကို ငါ တို့ ဂုဏ် တင် ချက် အ ချည်း အ နှီး ဖြစ် မည် စိုး သော ကြောင့် ငါ ပြော နှင့် သည် အ တိုင်း သင် တို့ အ သင့် ရှိ နေ ကြ စေ ရန် ထို ညီ အစ် ကို တို့ ကို ငါ လွှတ် လိုက် ၏။
Burmese 2021
သို့သော်လည်း ငါတို့သည် သင်တို့ကို ဝါကြွားသောစကားသည် ဤအမှု၌ အချည်းနှီးမဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည် အသင့်ရှိစေခြင်းငှာ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။-
Burmese JBZV
သို႔ေသာ္လည္း ငါတို႔သည္ သင္တို႔ကို ဝါႂကြားေသာစကားသည္ ဤအမွု၌ အခ်ည္းႏွီးမျဖစ္ေစဘဲ၊ ထိုစကားႏွင့္အညီ သင္တို႔သည္ အသင့္ရွိေစျခင္းငွာ ညီအစ္ကိုအခ်ိဳ႕ကို ငါေစလႊတ္၏။-
Burmese MCLZV
သို႔ရာတြင္သင္တို႔အေၾကာင္းငါတို႔ႂကြားဝါ ေျပာဆိုခဲ့သမၽွတို႔သည္မွန္ကန္ေၾကာင္းသိ သာေစရန္ ဤညီအစ္ကိုမ်ားကိုသင္တို႔ထံ သို႔ေစလႊတ္လိုက္၏။ ငါေဖာ္ျပခဲ့သည္အတိုင္း သင္တို႔၏အလွူကိုအသင့္ျပင္ဆင္ထား ၾကေလာ့။-
Burmese MSBU
ထို့ကြောင့် ဤထောက်ပံ့ခြင်းအမှုနှင့်ပတ်သက်၍ သင်တို့အကြောင်း ငါတို့ဝါကြွားထားသောအရာသည် အချည်းနှီးမဖြစ်ဘဲ ငါပြောထားသည့်အတိုင်း သင်တို့သည် အသင့်ပြင်ဆင်ထားကြမည့်အကြောင်း ညီအစ်ကိုများကို ငါစေလွှတ်၏။
Burmese MSBZ
ထို႔ေၾကာင့္ ဤေထာက္ပံ့ျခင္းအမႈႏွင့္ပတ္သက္၍ သင္တို႔အေၾကာင္း ငါတို႔ဝါႂကြားထားေသာအရာသည္ အခ်ည္းႏွီးမျဖစ္ဘဲ ငါေျပာထားသည့္အတိုင္း သင္တို႔သည္ အသင့္ျပင္ဆင္ထားၾကမည့္အေၾကာင္း ညီအစ္ကိုမ်ားကို ငါေစလႊတ္၏။