2 Kings 10:25 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
Burmese 1835 Version Judson
မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုက ဝင်၍ သတ်ကြလော့။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း၊တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊
Burmese 1928
ဝင်၍ လုပ် ကြံ ကြ လော့။ မ ထွက် မ လွတ် စေ လင့် ဟု ရှေ့ တော် ပြေး နှင့် စစ် ကဲ တို့ အား မိန့် ဆို သော အ ခါ ရှေ့ တော် ပြေး နှင့် စစ် ကဲ တို့ သည် ဓား ဖြင့် လုပ် ကြံ လျက် အ လောင်း များ ကို ထုတ်၍ ဗာ လ၏ ဗိ မာန် ဆိုင် ရာ ဝ တ္ထု ကံ မြို့ သို့ သွား ရောက် ပြီး နောက်
Burmese 2021
မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုကဝင်၍ သတ်ကြလော့။ တစ်ယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့်တပ်မှူးတို့အား ဆိုသည်အတိုင်း၊ တပ်သားနှင့်တပ်မှူးတို့သည် ဓားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊
Burmese JBZV
မီးရွို႔ရာယဇ္ကို ပူေဇာ္မွုၿပီးေသာအခါ၊ ေယဟုကဝင္၍ သတ္ၾကေလာ့။ တစ္ေယာက္ကိုမၽွ မထြက္ေစႏွင့္ဟု တပ္သားႏွင့္တပ္မွူးတို႔အား ဆိုသည္အတိုင္း၊ တပ္သားႏွင့္တပ္မွူးတို႔သည္ ဓားႏွင့္လုပ္ႀကံ၍ အေသေကာင္မ်ားကို ထုတ္ပစ္ၿပီးမွ၊
Burmese MCLZV
ေယဟုသည္ပူေဇာ္သကာမ်ားကိုဆက္သ ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ အေစာင့္တပ္သားမ်ား ႏွင့္တပ္မွူးတို႔အား``ဝင္၍ထိုသူအေပါင္းကို သတ္ေလာ့။ တစ္ဦးတစ္ေယာက္မၽွမလြတ္သြား ေစႏွင့္'' ဟုေျပာ၏။ သူတို႔သည္ဓားလြတ္မ်ား ကိုင္ေဆာင္ကာ ထိုသူတို႔ကိုသတ္ၿပီးလၽွင္ အေလာင္းမ်ားကိုအျပင္သို႔ဆြဲထုတ္ၾက ၏။ ထိုေနာက္သူတို႔သည္ဗာလဗိမာန္အတြင္း ခန္းသို႔ဝင္၍၊-
Burmese MSBU
မီးရှို့ရာယဇ်ပူဇော်ပြီးသည်နှင့် ယေဟုက အစောင့်တပ်သားများနှင့် တပ်မှူးတို့အား “ဝင်ပြီး သတ်ကြ။ တစ်ယောက်ကိုမျှမလွတ်စေနှင့်”ဟု အမိန့်ပေးလိုက်ရာ သူတို့သည် ဓားဖြင့် ဝင်ရောက်သတ်ဖြတ်ကြ၏။ အစောင့်တပ်သားများနှင့် တပ်မှူးတို့သည် အလောင်းများကို ပစ်ထားခဲ့ပြီး ဗာလဘုရားဝတ်ကျောင်း၏အတွင်းခန်းထဲသို့ ဝင်သွားကြ၏။
Burmese MSBZ
မီးရႈိ႕ရာယဇ္ပူေဇာ္ၿပီးသည္ႏွင့္ ေယဟုက အေစာင့္တပ္သားမ်ားႏွင့္ တပ္မႉးတို႔အား “ဝင္ၿပီး သတ္ၾက။ တစ္ေယာက္ကိုမွ်မလြတ္ေစႏွင့္”ဟု အမိန႔္ေပးလိုက္ရာ သူတို႔သည္ ဓားျဖင့္ ဝင္ေရာက္သတ္ျဖတ္ၾက၏။ အေစာင့္တပ္သားမ်ားႏွင့္ တပ္မႉးတို႔သည္ အေလာင္းမ်ားကို ပစ္ထားခဲ့ၿပီး ဗာလဘုရားဝတ္ေက်ာင္း၏အတြင္းခန္းထဲသို႔ ဝင္သြားၾက၏။