2 Kings 10:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
Burmese 1835 Version Judson
နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ် သားတို့ကို လုပ်ကျွေးသော သူတို့ကလည်း၊ ကျွန်တော်တို့ သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင် ကိုမချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ၏။
Burmese 1928
လက် သုံး တော် ချုပ်၊ မြို့ ဝန်၊ အ ကြီး တော် နှင့် လူ ကြီး တို့ က၊ ကိုယ် တော့် ကျွန် များ ဖြစ် ကြ ပါ ပြီ။ အ မိန့် တော် ကို လိုက် နာ ပါ မည်။ မင်း မြှောက် ဝံ့ မည် မ ဟုတ် ပါ။ သ ဘော တော် မြတ် ရာ ပြု တော် မူ ပါ ဟု ဝန် ခံ လိုက် ကြ သော အ ခါ
Burmese 2021
နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ်သားတို့ကို လုပ်ကျွေးသောသူတို့ကလည်း၊ ကျွန်တော်တို့သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင်ကို မချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကိုပေးလိုက်ကြ၏။
Burmese JBZV
နန္းေတာ္အုပ္၊ ၿမိဳ႕အုပ္၊ အသက္ႀကီးသူ၊ အာဟပ္သားတို႔ကို လုပ္ေကၽြးေသာသူတို႔ကလည္း၊ ကၽြန္ေတာ္တို႔သည္ ကိုယ္ေတာ္ကၽြန္ျဖစ္ပါ၏။ မိန္႔ေတာ္မူသည္အတိုင္း ျပဳပါမည္။ ကၽြန္ေတာ္တို႔သည္ ရွင္ဘုရင္ကို မခ်ီးေျမႇာက္ပါ။ အလိုေတာ္ရွိသည္အတိုင္း ျပဳေတာ္မူပါဟု ေယဟုထံသို႔ ျပန္စာကိုေပးလိုက္ၾက၏။
Burmese MCLZV
သို႔ျဖစ္၍နန္းေတာ္အုပ္၊ ၿမိဳ႕ဝန္၊ ၿမိဳ႕မိၿမိဳ႕ဖ မ်ားႏွင့္အာဟပ္သားေျမးတို႔၏အုပ္ထိန္း သူမ်ားကေယဟုထံသို႔``အကၽြန္ုပ္တို႔သည္ အရွင္၏အေစခံမ်ားျဖစ္သျဖင့္ အရွင့္ အမိန႔္ေတာ္ကိုလိုက္နာရန္အသင့္ရွိပါ၏။ သို႔ရာတြင္အကၽြန္ုပ္တို႔သည္အဘယ္သူကို မၽွမင္းေျမႇာက္ၾကလိမ့္မည္မဟုတ္ပါ။ အရွင္ သင့္ေတာ္သလိုစီမံေတာ္မူပါ'' ဟုျပန္ စာေရး၍ပို႔ၾက၏။
Burmese MSBU
ထို့ကြောင့် နန်းတော်အုပ်၊ မြို့အုပ်၊ သက်ကြီးဝါကြီးများနှင့် အထိန်းတော်များက ယေဟုထံသို့ လူလွှတ်ကာ “အကျွန်ုပ်တို့သည် အရှင့်အစေအပါးများ ဖြစ်ကြပါ၏။ အရှင်မိန့်တော်မူသမျှ အကျွန်ုပ်တို့ ပြုပါမည်။ မည်သူ့ကိုမျှ မင်းမမြှောက်ပါ။ အရှင်အလိုရှိသည့်အတိုင်းသာ ပြုပါ”ဟု အကြောင်းပြန်လေ၏။
Burmese MSBZ
ထို႔ေၾကာင့္ နန္းေတာ္အုပ္၊ ၿမိဳ႕အုပ္၊ သက္ႀကီးဝါႀကီးမ်ားႏွင့္ အထိန္းေတာ္မ်ားက ေယဟုထံသို႔ လူလႊတ္ကာ “အကြၽႏ္ုပ္တို႔သည္ အရွင့္အေစအပါးမ်ား ျဖစ္ၾကပါ၏။ အရွင္မိန႔္ေတာ္မူသမွ် အကြၽႏ္ုပ္တို႔ ျပဳပါမည္။ မည္သူကိုမွ် မင္းမေျမႇာက္ပါ။ အရွင္အလိုရွိသည့္အတိုင္းသာ ျပဳပါ”ဟု အေၾကာင္းျပန္ေလ၏။