2 Kings 15:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားသည်သြဇိအားအရေပြား ရောဂါစွဲကပ်စေတော်မူသဖြင့် သူသည်သေ သည့်တိုင်အောင်ထိုရောဂါကိုခံစားရ၏။ သို့ ဖြစ်၍သားတော်ယောသံအား တိုင်းပြည်အုပ် ချုပ်မှုတာဝန်ကိုလွှဲအပ်ပြီးလျှင် သီးခြား အိမ်တော်တွင်စံတော်မူရလေသည်။-
Burmese 1835 Version Judson
ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနား သော နန်း၌နေရ၏။ သားတော် ယောသံသည် နန်းတော် ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။
Burmese 1928
ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သ ဖြင့် ဘု ရင် မင်း သည် အ သက် ထက် ဆုံး၊ နူ နာ စွဲ သည့် အ တွက် စံ နန်း ဆောင် တွင် သီး ခြား စံ နေ ရ လျှင် သား တော် ယော သံ သည် နန်း တော်၊ နိုင် ငံ တော် ကို အုပ် စိုး စီ ရင် ရ ၏။
Burmese 2021
ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနားသောနန်း၌ နေရ၏။ သားတော်ယောသံသည် နန်းတော်ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။
Burmese JBZV
ထာဝရဘုရားသည္ ဒဏ္ခတ္ေတာ္မူသျဖင့္၊ ရွင္ဘုရင္သည္ ေသသည္တိုင္ေအာင္ ႏူနာစြဲ၍ ျခားနားေသာနန္း၌ ေနရ၏။ သားေတာ္ေယာသံသည္ နန္းေတာ္ကိုအုပ္၍ နိုင္ငံေတာ္မွုကို စီရင္ရ၏။
Burmese MCLZV
ထာဝရဘုရားသည္ၾသဇိအားအေရျပား ေရာဂါစြဲကပ္ေစေတာ္မူသျဖင့္ သူသည္ေသ သည့္တိုင္ေအာင္ထိုေရာဂါကိုခံစားရ၏။ သို႔ ျဖစ္၍သားေတာ္ေယာသံအား တိုင္းျပည္အုပ္ ခ်ဳပ္မွုတာဝန္ကိုလႊဲအပ္ၿပီးလၽွင္ သီးျခား အိမ္ေတာ္တြင္စံေတာ္မူရေလသည္။-
Burmese MSBU
ထာဝရဘုရားသည် အာဇရိမင်းကြီးကို ဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်သည်အထိ အနာကြီးရောဂါစွဲကပ်ပြီး သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။
Burmese MSBZ
ထာဝရဘုရားသည္ အာဇရိမင္းႀကီးကို ဒဏ္ခတ္ေတာ္မူသျဖင့္ သူသည္ အနိစၥေရာက္သည္အထိ အနာႀကီးေရာဂါစြဲကပ္ၿပီး သီးျခားနန္းေဆာင္တြင္ စံျမန္းရ၏။ သားေတာ္ေယာသံသည္ နန္းတြင္းကိုအုပ္စိုး၍ တိုင္းသူျပည္သားလူအေပါင္းတို႔ကို စီရင္အုပ္ခ်ဳပ္ရေလ၏။