2 Kings 17:13 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စေ​တ​မန်​များ နှင့်​ပ​ရော​ဖက်​တို့​ကို​စေ​လွှတ်​၍ ဣသ​ရေ​လ အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ကို​သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က``သင်​တို့ သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့်​တို့​ကို ရှောင်​ရှား​ကြ​လော့။ သင်​တို့​ဘိုး​ဘေး​များ​နှင့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​အား၊ ငါ​ပေး​အပ်​သည့်​ပ​ညတ်​တော် တွင်​ပါ​ရှိ​သော​ငါ​၏​အ​မိန့်​တော်​ကို​နာ​ခံ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
Burmese 1835 Version Judson
သို့ရာတွင်ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသော တရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့် ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟော ဆရာများတို့ ဖြင့်ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေ ခံတော်မူသော်လည်း၊
Burmese 1928
ထာ ဝ ရ ဘု ရား က၊ ဘိုး ဘေး တို့ အား ငါ မိန့် မှာ ခဲ့ သည့် အ တိုင်း၊ သင် တို့ ကို လည်း ငါ ကျွန် ရင်း ပ ရော ဖက် တို့ ဖြင့် ထား စေ သော တ ရား တော် အ ရ ငါ့ ပ ညတ် နှင့် ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် လျက် ကိုယ့် မ ကောင်း လမ်း ကို ကြဉ် ရှောင် ကြ လော့ ဟူ ၍ ပ ရော ဖက်၊ အ မြော် အ မြင် ဆ ရာ အ ပေါင်း တို့ ဖြင့် ဣ သ ရေ လ နှင့် ယု ဒ အ မျိုး တို့ အား ဗျာ ဒိတ် ထား တော် မူ သော် လည်း
Burmese 2021
သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကြ​လော့။ ငါ​သည် သင်​တို့​ဘိုး​ဘေး​တို့၌ ထား​သော​တ​ရား၊ ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် ပေး​လိုက်​သော​တ​ရား​ကို အ​ကုန်​အ​စင်​ကျင့်၍၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လော့​ဟု ပ​ရော​ဖက်​များ​နှင့် အ​နာ​ဂတ်​ဟော​ဆ​ရာ​များ​တို့​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး၌ သက်​သေ​ခံ​တော်​မူ​သော်​လည်း၊
Burmese JBZV
သို႔​ရာ​တြင္ ထာ​ဝ​ရ​ဘု​ရား​က အ​ဓ​မၼ​လမ္း​တို႔​ကို ေရွာင္​ၾက​ေလာ့။ ငါ​သည္ သင္​တို႔​ဘိုး​ေဘး​တို႔၌ ထား​ေသာ​တ​ရား၊ ငါ့​ကၽြန္​ပ​ေရာ​ဖက္​တို႔​ျဖင့္ ေပး​လိုက္​ေသာ​တ​ရား​ကို အ​ကုန္​အ​စင္​က်င့္၍၊ ငါ့​စီ​ရင္​ထုံး​ဖြဲ႕​ခ်က္​တို႔​ကို ေစာင့္​ေရွာက္​ၾက​ေလာ့​ဟု ပ​ေရာ​ဖက္​မ်ား​ႏွင့္ အ​နာ​ဂတ္​ေဟာ​ဆ​ရာ​မ်ား​တို႔​ျဖင့္ ဣ​သ​ေရ​လ​အ​မ်ိဳး၊ ယု​ဒ​အ​မ်ိဳး၌ သက္​ေသ​ခံ​ေတာ္​မူ​ေသာ္​လည္း၊
Burmese MCLZV
ထာ​ဝ​ရ​ဘု​ရား​သည္​မိ​မိ​၏​ေစ​တ​မန္​မ်ား ႏွင့္​ပ​ေရာ​ဖက္​တို႔​ကို​ေစ​လႊတ္​၍ ဣသ​ေရ​လ အ​မ်ိဳး​သား​မ်ား​ႏွင့္​ယု​ဒ​အ​မ်ိဳး​သား​မ်ား ကို​သ​တိ​ေပး​ေတာ္​မူ​၏။ ကိုယ္​ေတာ္​က``သင္​တို႔ သည္​မိ​မိ​တို႔​၏​ဆိုး​ညစ္​ေသာ​အ​က်င့္​တို႔​ကို ေရွာင္​ရွား​ၾက​ေလာ့။ သင္​တို႔​ဘိုး​ေဘး​မ်ား​ႏွင့္ ငါ​၏​အ​ေစ​ခံ​ပ​ေရာ​ဖက္​မ်ား​မွ​တစ္​ဆင့္ သင္​တို႔​အား၊ ငါ​ေပး​အပ္​သည့္​ပ​ညတ္​ေတာ္ တြင္​ပါ​ရွိ​ေသာ​ငါ​၏​အ​မိန႔္​ေတာ္​ကို​နာ​ခံ ၾက​ေလာ့'' ဟု​မိန႔္​ေတာ္​မူ​၏။-
Burmese MSBU
ထို့ကြောင့် ထာဝရဘုရား​က ဗျာဒိတ်ရသူ​ပရောဖက်​အပေါင်း​တို့​အားဖြင့် အစ္စရေး​လူမျိုး​နှင့်​ယုဒ​လူမျိုး​တို့​အား “​ဆိုးညစ်​သော​လမ်း​တို့​မှ ပြန်လှည့်​လာ​ကြ​လော့​။ ငါ့​အစေအပါး​ပရောဖက်​တို့​အားဖြင့် ဆင့်ဆို​စေ​သော​၊ သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​မိန့်မှာ​ထား​သော​ပညတ်တရား​အလုံးစုံ​ဖြစ်​သည့် ငါ​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​ကြ​လော့​”​ဟု သတိပေး​တော်မူ​ခဲ့​၏​။
Burmese MSBZ
ထို႔ေၾကာင့္ ထာဝရဘုရား​က ဗ်ာဒိတ္ရသူ​ပေရာဖက္​အေပါင္း​တို႔​အားျဖင့္ အစၥေရး​လူမ်ိဳး​ႏွင့္​ယုဒ​လူမ်ိဳး​တို႔​အား “​ဆိုးညစ္​ေသာ​လမ္း​တို႔​မွ ျပန္လွည့္​လာ​ၾက​ေလာ့​။ ငါ့​အေစအပါး​ပေရာဖက္​တို႔​အားျဖင့္ ဆင့္ဆို​ေစ​ေသာ​၊ သင္​တို႔​၏​ဘိုးေဘး​တို႔​အား ငါ​မိန႔္မွာ​ထား​ေသာ​ပညတ္တရား​အလုံးစုံ​ျဖစ္​သည့္ ငါ​၏​ပညတ္ခ်က္​မ်ား​၊ ျပ႒ာန္းခ်က္​မ်ား​ကို ေစာင့္ထိန္း​ၾက​ေလာ့​”​ဟု သတိေပး​ေတာ္မူ​ခဲ့​၏​။