2 Kings 17:34 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့သည်မိမိတို့၏ဋ္ဌလေ့ထုံးစံဟောင်း များကို ယနေ့တိုင်အောင်ကျင့်သုံးလျက်ရှိ ကြ၏။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ခြင်းမရှိကြ။ ဣသရေလဟူသောနာမည် ဖြင့်ကိုယ်တော်သမုတ်တော်မူသော ယာကုပ် ၏သားမြေးတို့အားကိုယ်တော်ပေးအပ်တော် မူခဲ့သည့် ပညတ်တော်များနှင့်အမိန့်တော် များကိုလည်းမလိုက်နာကြ။-
Burmese 1835 Version Judson
ယနေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုက်ကြ သည်ဖြစ်၍၊ ထာဝရဘုရားကို ရိုသေရာမရောက်။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏။
Burmese 1928
ကိုယ့် ဘု ရား များ ကို ဝတ် ပြု၍၊ ယ နေ့ တိုင် အောင် ရှေး ထုံး နည်း အ လိုက် ပြု လေ့ ရှိ ကြ၏။ ဣ သ ရေ လ ဟု သ မုတ် တော် မူ သော ယာ ကုပ် အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် ပ ညတ် တော်၊ တ ရား တော်၊ ထုံး ဖွဲ့ ဆုံး ဖြတ် တော် မူ ချက် များ အ တိုင်း မ လိုက်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော မ ရှိ ချေ။
Burmese 2021
ယနေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုက်ကြသည်ဖြစ်၍၊ ထာဝရဘုရားကို ရိုသေရာမရောက်။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်။ ဣသရေလအမည်ဖြင့်သမုတ်သော ယာကုပ်အမျိုးသားတို့၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏။
Burmese JBZV
ယေန႔တိုင္ေအာင္ ေရွးထုံးစံဓေလ့သို႔ လိုက္ၾကသည္ျဖစ္၍၊ ထာဝရဘုရားကို ရိုေသရာမေရာက္။ ဣသေရလအမ်ိဳးခံရေသာ စီရင္ထုံးဖြဲ႕ခ်က္တို႔ကို မေစာင့္။ ဣသေရလအမည္ျဖင့္သမုတ္ေသာ ယာကုပ္အမ်ိဳးသားတို႔၌ ထာဝရဘုရား ထားေတာ္မူေသာ ပညတ္တရားတို႔ကိုမက်င့္ဘဲေနၾက၏။
Burmese MCLZV
သူတို႔သည္မိမိတို႔၏႒ေလ့ထုံးစံေဟာင္း မ်ားကို ယေန႔တိုင္ေအာင္က်င့္သုံးလ်က္ရွိ ၾက၏။ ထာဝရဘုရားကိုေၾကာက္ရြံ့ရိုေသ ျခင္းမရွိၾက။ ဣသေရလဟူေသာနာမည္ ျဖင့္ကိုယ္ေတာ္သမုတ္ေတာ္မူေသာ ယာကုပ္ ၏သားေျမးတို႔အားကိုယ္ေတာ္ေပးအပ္ေတာ္ မူခဲ့သည့္ ပညတ္ေတာ္မ်ားႏွင့္အမိန႔္ေတာ္ မ်ားကိုလည္းမလိုက္နာၾက။-
Burmese MSBU
ယနေ့ထိတိုင်အောင် ဓလေ့ထုံးတမ်းဟောင်းများအတိုင်း ပြုကျင့်လျက်နေကြ၏။ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းအလျှင်းမရှိ။ အစ္စရေးဟု အမည်ရသောယာကုပ်၏သားတို့အား ထာဝရဘုရားမိန့်မှာထားတော်မူသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များ စသည်တို့ကိုလည်း မလိုက်နာကြပေ။
Burmese MSBZ
ယေန႔ထိတိုင္ေအာင္ ဓေလ့ထုံးတမ္းေဟာင္းမ်ားအတိုင္း ျပဳက်င့္လ်က္ေနၾက၏။ ထာဝရဘုရားအား ေၾကာက္႐ြံ႕ျခင္းအလွ်င္းမရွိ။ အစၥေရးဟု အမည္ရေသာယာကုပ္၏သားတို႔အား ထာဝရဘုရားမိန႔္မွာထားေတာ္မူေသာ ျပ႒ာန္းခ်က္မ်ား၊ စီရင္ထုံးဖြဲ႕ခ်က္မ်ား၊ ဥပေဒသမ်ား၊ ပညတ္ခ်က္မ်ား စသည္တို႔ကိုလည္း မလိုက္နာၾကေပ။