2 Kings 19:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် လေဗနုန် ပြည်ရှိအမြင့်ဆုံးတောင်များကိုနှိမ်နင်းအောင်မြင် ခဲ့ကြောင်း ငါ့အားကြွားဝါရန်သံတမန်များကို စေလွှတ်ခဲ့၏။ သင်သည်ထိုအရပ်ရှိအမြင့်ဆုံး သစ်ကတိုးပင်များနှင့် အလှဆုံးထင်းရှူးပင် များကိုခုတ်လှဲကာ တောနက်ကြီးများသို့ ရောက်ရှိခဲ့ကြောင်းကြွားဝါခဲ့၏။-
Burmese 1835 Version Judson
သင်သည် တမန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင် အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့်အကောင်းဆုံးသော ထင်ရူးပင် တို့ကို ငါခုတ်လှဲပြီ။ အဝေးဆုံးသော ခိုလှုံရာအသီးများ သော တောထဲသို့ ငါဝင်ပြီ။
Burmese 1928
ရာ ဇ သံ တို့ ဖြင့် ငါ ဘု ရား ကို သင် ကဲ့ ရဲ့ သည် မှာ ငါ မောင်း နှင် သော စစ် ရ ထား များ နှင့် တ ကွ လေ ဗ နုန် တောင် ထိပ် ကို ဖြတ် ကျော် ၍ တစ် ဘက် သို့ ရောက် လေ ပြီ။ အ မြင့် ဆုံး သစ် က တိုး ပင်၊ အ မြတ် ဆုံး ထင်း ရူး ပင် များ ကို ခုတ် လှဲ၍ ခြံ မြိုင် အ စွန်း အ ဖျား ထဲ သို့ ငါ ခို ဝင် မိ ပြီ။
Burmese 2021
သင်သည် တမန်များအားဖြင့် ထာဝရဘုရားကိုကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့လည်းကောင်း၊ လေဗနုန်တောင် အထွတ်သို့လည်းကောင်း တက်လာပြီ။ အရပ်မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသောထင်းရှူးပင်တို့ကို ငါခုတ်လှဲပြီ။ အဝေးဆုံးသောခိုလှုံရာအသီးများသော တောထဲသို့ ငါဝင်ပြီ။
Burmese JBZV
သင္သည္ တမန္မ်ားအားျဖင့္ ထာဝရဘုရားကိုကဲ့ရဲ့၍၊ ငါသည္ ရထားမ်ားျပားသျဖင့္ ေတာင္ထိပ္သို႔လည္းေကာင္း၊ ေလဗႏုန္ေတာင္ အထြဋ္သို႔လည္းေကာင္း တက္လာၿပီ။ အရပ္ျမင့္ေသာအာရဇ္ပင္ႏွင့္ အေကာင္းဆုံးေသာထင္းရွူးပင္တို႔ကို ငါခုတ္လွဲၿပီ။ အေဝးဆုံးေသာခိုလွုံရာအသီးမ်ားေသာ ေတာထဲသို႔ ငါဝင္ၿပီ။
Burmese MCLZV
သင္သည္မိမိ၏စစ္ရထားအေပါင္းျဖင့္ ေလဗႏုန္ ျပည္ရွိအျမင့္ဆုံးေတာင္မ်ားကိုႏွိမ္နင္းေအာင္ျမင္ ခဲ့ေၾကာင္း ငါ့အားႂကြားဝါရန္သံတမန္မ်ားကို ေစလႊတ္ခဲ့၏။ သင္သည္ထိုအရပ္ရွိအျမင့္ဆုံး သစ္ကတိုးပင္မ်ားႏွင့္ အလွဆုံးထင္းရွူးပင္ မ်ားကိုခုတ္လွဲကာ ေတာနက္ႀကီးမ်ားသို႔ ေရာက္ရွိခဲ့ေၾကာင္းႂကြားဝါခဲ့၏။-
Burmese MSBU
သင်သည် တမန်များကိုစေလွှတ်၍ ဘုရားရှင်ကိုစော်ကားပြောဆိုစေခဲ့၏။ သင်က ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
Burmese MSBZ
သင္သည္ တမန္မ်ားကိုေစလႊတ္၍ ဘုရားရွင္ကိုေစာ္ကားေျပာဆိုေစခဲ့၏။ သင္က ငါ၏စစ္ရထားမ်ားစြာျဖင့္ လက္ဘႏြန္ေတာင္ထိပ္အစြန္အဖ်ားသို႔ ငါတက္ခဲ့ၿပီ။ ထိုေတာင္ေပၚရွိ ျမင့္မားေသာသစ္ကတိုးပင္၊ အေကာင္းဆုံးထင္းရႉးပင္တို႔ကို ငါခုတ္လွဲခဲ့ၿပီ။ ေတာနက္ႀကီး၏အစြန္အဖ်ားသို႔လည္း ငါေရာက္ခဲ့ၿပီ။