2 Kings 19:26 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။
Burmese 1835 Version Judson
ထိုကြောင့်မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသော စပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့် မကြီးမှီညှိုးနွမ်းသော စပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
Burmese 1928
ထို ကြောင့် ပျက် စီး ရာ မြို့ သူ မြို့ သား တို့ သည် လက် ရုံး ရည် ညံ့ သ ဖြင့် ထိတ် လန့် ရှက် ကြောက်၍ စား ကျက် မြက် နု၊ စိမ်း လန်း သော မြက်၊ တိုက် မိုး ပေါ် ပေါက် သော အ ပင်၊ မ အောင် သော ကောက် ပင် များ ကဲ့ သို့ ဖြစ် ကြ၏။
Burmese 2021
ထိုကြောင့် မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသောစပါးပင်ကဲ့သို့လည်းကောင်း၊ အိမ်မိုးပေါ်မှာပေါက်သောမြက်ပင်နှင့် မကြီးမီညှိုးနွမ်းသော စပါးပင်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
Burmese JBZV
ထိုေၾကာင့္ ၿမိဳ႕သားတို႔သည္ အားနည္းၾက၏။ မွိုင္ေတြ၍ စိတ္ပ်က္လ်က္ရွိၾက၏။ ေတာျမက္ပင္ႏွင့္ စိမ္းေသာစပါးပင္ကဲ့သို႔လည္းေကာင္း၊ အိမ္မိုးေပၚမွာေပါက္ေသာျမက္ပင္ႏွင့္ မႀကီးမီညႇိုးႏြမ္းေသာ စပါးပင္ကဲ့သို႔လည္းေကာင္း ျဖစ္ၾက၏။
Burmese MCLZV
ထိုၿမိဳ႕မ်ားတြင္ေနထိုင္သူတို႔သည္စြမ္းရည္ မရွိ၊ ထိတ္လန႔္ေၾကာက္ရြံ့လ်က္အေရွ႕အရပ္မွ ေလပူတိုက္၍ ညႇိုးႏြမ္းသြားသည့္စားက်က္ ျမက္၊ အိမ္ေခါင္မိုးေပၚရွိေပါင္းပင္မ်ားႏွင့္ တူၾက၏။
Burmese MSBU
ထိုမြို့သားတို့ အားလျော့စိတ်ပျက်ကြပြီ။ ရှက်ကြောက်ကြပြီ။ သူတို့သည် မကြီးမီညှိုးနွမ်းသွားသောတောမြက်ပင်ကဲ့သို့၊ မြက်နုစိမ်းကဲ့သို့၊ ခေါင်မိုးပေါ်မှမြက်ပင် ကဲ့သို့ဖြစ်ကြပြီ။
Burmese MSBZ
ထိုၿမိဳ႕သားတို႔ အားေလ်ာ့စိတ္ပ်က္ၾကၿပီ။ ရွက္ေၾကာက္ၾကၿပီ။ သူတို႔သည္ မႀကီးမီညႇိဳးႏြမ္းသြားေသာေတာျမက္ပင္ကဲ့သို႔၊ ျမက္ႏုစိမ္းကဲ့သို႔၊ ေခါင္မိုးေပၚမွျမက္ပင္ ကဲ့သို႔ျဖစ္ၾကၿပီ။