2 Kings 20:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဟေ​ဇ​ကိ​သည်​စေ​တ​မန်​တို့​ကို​ကြို​ဆို​ပြီး လျှင် မိ​မိ​၏​ဘဏ္ဍာ​တော်​များ​ဖြစ်​သည့် ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ နံ့​သာ​ဆီ​နှင့်​လက်​နက်​ရှိ​သ​မျှ ကို​ပြ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​နှင့်​နိုင်​ငံ တော်​အ​ရပ်​ရပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​များ ကို ထို​သူ​တို့​အား​မင်း​ကြီး​ပြ​လေ​၏။-
Burmese 1835 Version Judson
ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှ စသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာ တော်အလုံးစုံတို့ကိုပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော် အရပ်ရပ်၌ မပြသော အရာတစုံတခုမျှမရှိ။
Burmese 1928
ဟေ ဇ ကိ မင်း လက် ခံ လျက် ဘ ဏ္ဍာ တိုက် တော် ရှိ ရွှေ ငွေ များ မှ စ၍ နံ့ သာ မျိုး အ ဘိုး ထိုက် နံ့ သာ ဆီ၊ လက် နက် တိုက် အ ဆောင် အ ရွက် တော် ဟူ သ မျှ ကို ဖွင့် ပြ လေ၏။ နန်း တော် မှ စ သော နိုင် ငံ တော် တ ဝှမ်း လုံး တွင် မ ဖွင့် မ ပြ သော အ ရာ တစ် စုံ တစ် ခု မျှ မ ရှိ ချေ။
Burmese 2021
ဟေ​ဇ​ကိ​မင်း​သည် သူ​တို့​ရောက်​သော​ကြောင့် ဝမ်း​မြောက်၍ ရွှေ​တိုက်​မှ​စ​သော ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ အ​ဖိုး​ထိုက်​သော နံ့​သာ​ဆီ၊ လက်​နက်​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​အ​လုံး​စုံ​တို့​ကို ပြ​လေ၏။ နန်း​တော်​မှ​စ၍ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။
Burmese JBZV
Burmese MCLZV
Burmese MSBU
ဟေဇကိ​မင်းကြီး​သည် သူ​တို့​ကို ဝမ်းမြောက်ဝမ်းသာ​ကြိုဆို​၍ မိမိ​ဘဏ္ဍာတိုက်​အားလုံး​ထဲမှ ရွှေ​ငွေ​၊ အမွှေးနံ့သာ​၊ အဖိုးတန်​ဆီ​မှစ၍ လက်နက်တိုက်​နှင့် တွေ့​သမျှ​အဖိုးတန်​ရတနာ​များ​ကို ထို​သူ​တို့​အား ပြ​လေ​၏​။ နန်းတွင်း​နှင့် နိုင်ငံ​တစ်ဝန်းလုံး​တွင် ထို​သူ​တို့​အား ဟေဇကိ​မင်းကြီး မ​ပြ​ပေး​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။
Burmese MSBZ