2 Kings 21:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မိမိ၏သားတော်ကိုလည်း မီးရှို့ရာပူဇော်သကာ အဖြစ်ဖြင့်ယဇ်ပူဇော်၏။ နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုလေ့လာ၍ ဗေဒင်ဆရာနှင့် နတ်ဝင်သည်တို့ကိုတိုင်ပင်၏။ သူသည်ထာဝရ ဘုရားအား များစွာပြစ်မှား၍အမျက်တော် ကိုလှုံ့ဆော်လေသည်။-
Burmese 1835 Version Judson
မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာ သော ဒုစရိုက်ကိုပြု၏။
Burmese 1928
သား တော် ကို မီး ဖြင့် ဆက် ကပ်၍ ဗေ ဒင် အ တတ် နှင့် ဇော် ဂ နီ အ တတ် ကို လေ့ လာ လျက် က ဝေ နှင့် မှော် ဝင် တို့ ကို ချီး မြှင့် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် အ မျက် တော် တိုက် ဆိုး သွမ်း မှု ကို များ စွာ ပြု လေ၏။
Burmese 2021
မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်ကိုသုံးဆောင်၍ စုန်းနှင့် နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ များစွာသောဒုစရိုက်ကိုပြု၏။
Burmese JBZV
မိမိသားကို မီးျဖင့္ပူေဇာ္၏။ ကာလေဗဒင္ကို ၾကည့္တတ္၏။ ျပဳစားေသာအတတ္ကိုသုံးေဆာင္၍ စုန္းႏွင့္ နတ္ဝင္တို႔ကိုလည္း အခြင့္ေပး၏။ ထာဝရဘုရား၏အမ်က္ေတာ္ကို ႏွိုးေဆာ္ျခင္းငွာ ေရွ႕ေတာ္၌ မ်ားစြာေသာဒုစရိုက္ကိုျပဳ၏။
Burmese MCLZV
မိမိ၏သားေတာ္ကိုလည္း မီးရွို႔ရာပူေဇာ္သကာ အျဖစ္ျဖင့္ယဇ္ပူေဇာ္၏။ နတ္ဝိဇၨာအတတ္ႏွင့္ေမွာ္ အတတ္မ်ားကိုေလ့လာ၍ ေဗဒင္ဆရာႏွင့္ နတ္ဝင္သည္တို႔ကိုတိုင္ပင္၏။ သူသည္ထာဝရ ဘုရားအား မ်ားစြာျပစ္မွား၍အမ်က္ေတာ္ ကိုလွုံ႔ေဆာ္ေလသည္။-
Burmese MSBU
မိမိသားကို မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကို အဆမတန်ပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
Burmese MSBZ
မိမိသားကို မီးရႈိ႕ပူေဇာ္၏။ ေဗဒင္အတတ္၊ ဟူးရားအတတ္ကို လိုက္စားသည္သာမက နတ္ဝင္သည္၊ နတ္ထိန္းသည္တို႔အား ေမးျမန္းေသာအေလ့အထကိုလည္း က်င့္သုံး၏။ ဤသို႔မေကာင္းမႈမ်ားကို အဆမတန္ျပဳလ်က္ ထာဝရဘုရားကို အမ်က္ထြက္ေစ၏။