2 Kings 4:38 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အခါတစ်ပါး၌နိုင်ငံတစ်ဝှမ်းလုံးတွင် အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေချိန် ၌ ဧလိရှဲသည်ဂိလဂါလမြို့သို့ပြန်လေသည်။ သူသည်ပရောဖက်တစ်စုကိုသွန်သင်လျက်နေ စဉ် ထိုသူတို့အတွက်အိုးကြီးတစ်လုံးဖြင့် ဟင်းချက်ရန် မိမိ၏အစေခံအားပြော ကြား၏။-
Burmese 1835 Version Judson
တဖန်ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌ အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့ သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့ အဘို့ကြီးသော အိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိ ကျွန်အားဆို၏။
Burmese 1928
ပြည် တော် တွင် အ စာ ခေါင်း ပါး ခြင်း ကပ် သင့် သည့် ကာ လ၊ ဧ လိ ရှဲ သည် ဂိ လ ဂါ လ မြို့ သို့ ပြန် ရောက် ပြီး နောက် သူ့ ရှေ့ တွင် ပ ရော ဖက် ဂိုဏ်း သား တို့ ထိုင် နေ ကြ သည် နှင့် ထို ဂိုဏ်း သား တို့ အ ဖို့ ဖျဉ်း အိုး ကြီး ကို တည်၍ ချက် ပြုတ် လော့ ဟု တ ပည့် အား ဆို သော အ ခါ ဂိုဏ်း သား တစ် ယောက် သည်
Burmese 2021
တစ်ဖန် ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့အဖို့ ကြီးသောအိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိကျွန်အားဆို၏။
Burmese JBZV
တစ္ဖန္ ဧလိရွဲသည္ ဂိလဂါလၿမိဳ႕သို႔သြား၍၊ ထိုျပည္၌အစာေခါင္းပါး၏။ ပေရာဖက္အမ်ိဳးသားတို႔သည္ ဧလိရွဲေရွ႕မွာထိုင္ၾကစဥ္၊ ပေရာဖက္အမ်ိဳးသားတို႔အဖို႔ ႀကီးေသာအိုးကင္းကိုျပင္၍ ဟင္းခ်က္ေလာ့ဟု မိမိကၽြန္အားဆို၏။
Burmese MCLZV
အခါတစ္ပါး၌နိုင္ငံတစ္ဝွမ္းလုံးတြင္ အစာ ငတ္မြတ္ေခါင္းပါးျခင္းေဘးဆိုက္ေရာက္ေနခ်ိန္ ၌ ဧလိရွဲသည္ဂိလဂါလၿမိဳ႕သို႔ျပန္ေလသည္။ သူသည္ပေရာဖက္တစ္စုကိုသြန္သင္လ်က္ေန စဥ္ ထိုသူတို႔အတြက္အိုးႀကီးတစ္လုံးျဖင့္ ဟင္းခ်က္ရန္ မိမိ၏အေစခံအားေျပာ ၾကား၏။-
Burmese MSBU
ဧလိရှဲသည် ဂိလဂါလမြို့သို့ပြန်လာရာ ထိုတိုင်းပြည်တွင်ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေ၏။ ပရောဖက်အဖွဲ့သားတို့သည် သူ့ရှေ့၌ လာထိုင်နေသဖြင့် ဧလိရှဲက မိမိငယ်သားအား “အိုးကြီးတစ်လုံးတည်၍ ပရောဖက်အဖွဲ့သားတို့အား ဟင်းချက်ကျွေးပါ”ဟု ဆို၏။
Burmese MSBZ
ဧလိရွဲသည္ ဂိလဂါလၿမိဳ႕သို႔ျပန္လာရာ ထိုတိုင္းျပည္တြင္ငတ္မြတ္ေခါင္းပါးျခင္းေဘးဆိုက္ေရာက္ေန၏။ ပေရာဖက္အဖြဲ႕သားတို႔သည္ သူ႔ေရွ႕၌ လာထိုင္ေနသျဖင့္ ဧလိရွဲက မိမိငယ္သားအား “အိုးႀကီးတစ္လုံးတည္၍ ပေရာဖက္အဖြဲ႕သားတို႔အား ဟင္းခ်က္ေကြၽးပါ”ဟု ဆို၏။