2 Kings 7:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အမတ်တစ်ဦးက``ဤမြို့ရှိလူတို့သည်သေ ဆုံးသွားကြသူတို့နည်းတူသေရကြမည် ဖြစ်ပါသည်။ သို့ဖြစ်၍အဖြစ်မှန်ကိုသိရှိ နိုင်ရန် အကျွန်ုပ်တို့တွင်ကျန်ရှိနေသေးသော မြင်းငါးကောင်နှင့်လူအချို့ကိုစေလွှတ် တော်မူပါ'' ဟုလျှောက်၏။-
Burmese 1835 Version Judson
ကျွန်တယောက်က၊ မြို့၌ ကျန်ကြွင်းသော မြင်း ငါးစီးကို ပေးတော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ ရောက်သော ဣသရေလအမျိုးအလုံးအရင်းကဲ့သို့ ဖြစ်ပါ ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသော အခွင့်ကို ပေးတော်မူပါဟုလျှောက်ပြီးမှ၊
Burmese 1928
ကျွန် တစ် ယောက် က၊ မြို့ တော် တွင် ကျန် သူ ဣ သ ရေ လ အ လုံး အ ရင်း နှင့် ထပ် တူ၊ ပိန် ကြုံ၍ ကြွင်း သေး သော မြင်း ငါး စီး နှင့် သွား ရောက် ရှု ကြည့် ခွင့် ပေး တော် မူ ပါ ဟု တင် လျှောက် လျှင်
Burmese 2021
ကျွန်တစ်ယောက်က၊ မြို့၌ ကျန်ကြွင်းသော မြင်းငါးစီးကို ပေးတော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ရောက်သော ဣသရေလ အမျိုးအလုံးအရင်းကဲ့သို့ ဖြစ်ပါ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြီးမှ၊
Burmese JBZV
Burmese MCLZV
Burmese MSBU
ထိုအခါ အမှုထမ်းတစ်ယောက်က “ယခု မြို့ထဲတွင် ကျန်နေသေးသောမြင်းငါးကောင်နှင့် လူအချို့တို့ကို စေလွှတ်တော်မူပါ။ သူတို့သည် မြို့ထဲ၌ကျန်ရစ်နေသောအစ္စရေးလူထုအပေါင်းနှင့် အတူတူပင်ဖြစ်၏။ သေသွားသောအစ္စရေးလူထုအပေါင်းနှင့်လည်းအတူတူပင်ဖြစ်သောကြောင့် သူတို့ကိုစေလွှတ်၍ သွားကြည့်ခွင့်ပြုတော်မူပါ”ဟု လျှောက်တင်လေ၏။
Burmese MSBZ