2 Peter 2:10 — Compare Translations
3 translations compared side by side
Burmese 1835 Version Judson
မတရားသောသူတို့ကို ဒဏ်ခံစေမည် အ ကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့် တကွ၊ ကာမဂုဏ် အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူး သဖြင့်ဒဏ်ခံစေမည် အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဘို့ ချုပ်ထား ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့် သောသူ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ ၏။
Burmese MSBU
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။
Burmese MSBZ
အထူးသျဖင့္ ညစ္ညဴးေသာတပ္မက္မႈအားျဖင့္ ေသြးသားဇာတိေနာက္သို႔လိုက္၍ အုပ္စိုးျခင္းကိုမထီမဲ့ျမင္ျပဳေသာသူတို႔ကို ထိုသို႔ထိန္းသိမ္းထားေတာ္မူလိမ့္မည္။ ဤသူတို႔သည္ အတင့္ရဲေသာသူ၊ ထင္ရာစိုင္းတတ္ေသာသူျဖစ္ၾက၍ ေၾကာက္႐ြံ႕ျခင္းမရွိဘဲ ဘုန္းအသေရရွိေသာသူတို႔ကို ေစာ္ကားေျပာဆိုတတ္ၾက၏။