2 Samuel 10:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဟာဒဒေဇာ၏လက်အောက်ခံဘုရင်များသည် ဣသရေလအမျိုးသားတို့၏လက်တွင် မိမိ တို့အရေးရှုံးနိမ့်ကြပြီဖြစ်ကြောင်းသိရှိ ကြသောအခါ ဣသရေလအမျိုးသားတို့ နှင့်စစ်ပြေငြိမ်းရန်စေ့စပ်၍သူတို့၏လက် အောက်ခံဖြစ်လာကြ၏။ ရှုရိပြည်သားတို့ သည်လည်းအမ္မုန်ပြည်သားတို့အားနောက် တစ်ဖန်စစ်မကူဝံ့ကြတော့ချေ။
Burmese 1835 Version Judson
ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးနှင့် မိဿဟာယဖွဲ့၍ ကျွန်ခံ ကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။
Burmese 1928
ဟာ ဒ ဒေ ဇာ မင်း၏ လက် အောက် ခံ မင်း ဟူ သ မျှ တို့ သည် ဣ သ ရေ လ လူ မျိုး ရှေ့ ရှုံး ကြောင်း သိ မြင် လျှင် ဣ သ ရေ လ လူ မျိုး ထံ တောင်း ပန် တိုး လျှိုး၍ လက် အောက် ခံ ဖြစ် ရ ကြ၏။ ရှု ရိ လူ မျိုး တို့ လည်း အ မ္မုန် အ မျိုး သား တို့ ကို နောက် တစ် ဖန် စစ် မ ကူ ဝံ့ ကြ။
Burmese 2021
ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးရှေ့မှာမိမိတို့ရှုံးသည်ကိုသိမြင်လျှင်၊ ဣသရေလအမျိုးနှင့် မိတ်သဟာယဖွဲ့၍ကျွန်ခံကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။
Burmese JBZV
ဟာဒေဒဇာ၌ ကၽြန္ခံေသာမင္းႀကီးအေပါင္းတို႔သည္ ဣသေရလအမ်ိဳးေရွ႕မွာ မိမိတို့႔ရွုံးသည္ကိုသိျမင္လၽွင္၊ ဣသေရလအမ်ိဳးႏွင့္ မိတ္သဟာယဖြဲ႕၍ကၽြန္ခံၾက၏။ ထိုသို႔ ရွုရိလူတို႔သည္ ေနာက္တစ္ဖန္ အမၼဳန္အမ်ိဳးသားတို႔ကို စစ္မကူဝံ့ၾက။
Burmese MCLZV
ဟာဒေဒဇာ၏လက္ေအာက္ခံဘုရင္မ်ားသည္ ဣသေရလအမ်ိဳးသားတို႔၏လက္တြင္ မိမိ တို႔အေရးရွုံးနိမ့္ၾကၿပီျဖစ္ေၾကာင္းသိရွိ ၾကေသာအခါ ဣသေရလအမ်ိဳးသားတို႔ ႏွင့္စစ္ေျပၿငိမ္းရန္ေစ့စပ္၍သူတို႔၏လက္ ေအာက္ခံျဖစ္လာၾက၏။ ရွုရိျပည္သားတို႔ သည္လည္းအမၼဳန္ျပည္သားတို႔အားေနာက္ တစ္ဖန္စစ္မကူဝံ့ၾကေတာ့ေခ်။
Burmese MSBU
ဟာဒဒေဇာမင်းကြီး၏လက်အောက်ခံဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ရှေ့တွင် ရှုံးနိမ့်နေရသည်ကို သိမြင်လျှင် အစ္စရေးလူမျိုးတို့နှင့် မဟာမိတ်ဖွဲ့ပြီး သူတို့၏လက်အောက်ခံအဖြစ်နေကြ၏။ နောင်တွင် ဆီးရီးယားလူမျိုးတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့တော့ပေ။
Burmese MSBZ
ဟာဒေဒဇာမင္းႀကီး၏လက္ေအာက္ခံဘုရင္အေပါင္းတို႔သည္ အစၥေရးလူမ်ိဳးတို႔ေရွ႕တြင္ ရႈံးနိမ့္ေနရသည္ကို သိျမင္လွ်င္ အစၥေရးလူမ်ိဳးတို႔ႏွင့္ မဟာမိတ္ဖြဲ႕ၿပီး သူတို႔၏လက္ေအာက္ခံအျဖစ္ေနၾက၏။ ေနာင္တြင္ ဆီးရီးယားလူမ်ိဳးတို႔သည္ အမၼဳန္အမ်ိဳးသားတို႔ကို စစ္မကူဝံ့ေတာ့ေပ။