2 Samuel 10:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့သည်ပြန်လာရန်အလွန်ရှက်ကြ၏။ ထိုအကြောင်းကိုဒါဝိဒ်ကြားသောအခါ လူစေလွှတ်ပြီးလျှင်သူတို့အား မိမိတို့ မုတ်ဆိတ်များပြန်၍ရှည်လာသည့်တိုင်အောင် ယေရိခေါမြို့တွင်နေပြီးမှမြို့တော်သို့ ပြန်လာကြရန်မှာကြားတော်မူလိုက်၏။
Burmese 1835 Version Judson
ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ၏။
Burmese 1928
ဒါ ဝိဒ် မင်း ကြား သိ သော်၊ ထို သူ တို့ အ လွန် ရှက် မည် ကို ထောက် သ ဖြင့် ယေ ရိ ခေါ မြို့ တွင် ဆိုင်း လင့်၍ မုတ် ဆိတ် ရှည် မှ ပြန် လာ ကြ လော့ ဟု တင် ကြို မှာ ထား လိုက် လေ၏။
Burmese 2021
ထိုသတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှာ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။
Burmese JBZV
ထိုသတင္းကို ဒါဝိဒ္သည္ၾကားေသာအခါ၊ ထိုလူတို႔သည္ အလြန္ရွက္ေသာေၾကာင့္ သူတို႔ကို ဆီးႀကိဳေစျခင္းငွာ ေစလႊတ္၍၊ သင္တို႔သည္ မုတ္ဆိတ္မရွည္မီတိုင္ေအာင္ ေယရိေခါၿမိဳ႕မွာ ေနၾကေလာ့။ ထိုေနာက္မွ ျပန္လာၾကေလာ့ဟု မွာထားေတာ္မူ၏။
Burmese MCLZV
သူတို႔သည္ျပန္လာရန္အလြန္ရွက္ၾက၏။ ထိုအေၾကာင္းကိုဒါဝိဒ္ၾကားေသာအခါ လူေစလႊတ္ၿပီးလၽွင္သူတို႔အား မိမိတို႔ မုတ္ဆိတ္မ်ားျပန္၍ရွည္လာသည့္တိုင္ေအာင္ ေယရိေခါၿမိဳ႕တြင္ေနၿပီးမွၿမိဳ႕ေတာ္သို႔ ျပန္လာၾကရန္မွာၾကားေတာ္မူလိုက္၏။
Burmese MSBU
ထိုသတင်းကို ဒါဝိဒ်မင်းကြီးထံ လာပြောပြကြသောအခါ လူလွှတ်၍ ကြိုဆိုစေ၏။ သူတို့သည် အကြီးအကျယ်အရှက်ခွဲခံလိုက်ရသဖြင့် ရှင်ဘုရင်က “သင်တို့မုတ်ဆိတ်ပြန်ရှည်လာသည်အထိ ဂျေရိခေါမြို့တွင်နေကြလော့။ နောက်မှ ပြန်လာကြလော့”ဟု မှာကြားလိုက်၏။
Burmese MSBZ
ထိုသတင္းကို ဒါဝိဒ္မင္းႀကီးထံ လာေျပာျပၾကေသာအခါ လူလႊတ္၍ ႀကိဳဆိုေစ၏။ သူတို႔သည္ အႀကီးအက်ယ္အရွက္ခြဲခံလိုက္ရသျဖင့္ ရွင္ဘုရင္က “သင္တို႔မုတ္ဆိတ္ျပန္ရွည္လာသည္အထိ ေဂ်ရိေခါၿမိဳ႕တြင္ေနၾကေလာ့။ ေနာက္မွ ျပန္လာၾကေလာ့”ဟု မွာၾကားလိုက္၏။