2 Samuel 12:20 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဒါ​ဝိဒ်​သည်​ကြမ်း​ပြင်​ပေါ်​မှ​ထ​၍ ရေ​ချိုး ခေါင်း​ဖီး​ပြီး​လျှင်​အ​ဝတ်​အ​စား​များ​ကို လဲ​၏။ ထို​နောက်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော် သို့​သွား​၍​ဝတ်​ပြု​ကိုး​ကွယ်​၏။ နန်း​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ​မင်း ကြီး​သည် စား​သောက်​ဖွယ်​တို့​ကို​တောင်း​၍ ချက်​ချင်း​ပင်​စား​တော်​ခေါ်​လေ​သည်။-
Burmese 1835 Version Judson
ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။
Burmese 1928
နန်း ကြိမ်း ပြင် မှ ထ၍ ရေ သုံး သပ် ခြင်း၊ ဆီ လိမ်း ခြင်း၊ ဝတ် လဲ တော် ဆင် ယင် ခြင်း များ ကို ပြု ပြီး လျှင်၊ ထာ ဝ ရ ဘု ရား ဗိ မာန် တော် သို့ သွား၍ ရှိ ခိုး ပြီး နောက် နန်း တော် သို့ ပြန် ဝင် လျက် တောင်း ဆို ဆက် သ သော ပွဲ တော် စာ ကို သုံး ဆောင် လေ၏။
Burmese 2021
ထို​အ​ခါ ဒါ​ဝိဒ်​သည် မြေ​မှ​ထ၍ ရေ​ချိုး​ခြင်း၊ ဆီ​လိမ်း​ခြင်း၊ အ​ဝတ်​လဲ​ခြင်း​ကို ပြု​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့​သွား၍ ကိုး​ကွယ်၏။ ထို​နောက် နန်း​တော်​သို့​ပြန်​လာ၍ စား​စ​ရာ​ကို​တောင်း​သော​အ​ခါ၊ ကျွန်​တို့​သည် စား​ပွဲ​တော်​ကို​ပြင်၍ မင်း​ကြီး​သည် စား​တော်​မူ၏။
Burmese JBZV
ထို​အ​ခါ ဒါ​ဝိဒ္​သည္ ေျမ​မွ​ထ၍ ေရ​ခ်ိဳး​ျခင္း၊ ဆီ​လိမ္း​ျခင္း၊ အ​ဝတ္​လဲ​ျခင္း​ကို ျပဳ​ၿပီး​လၽွင္၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ္​ေတာ္​သို႔​သြား၍ ကိုး​ကြယ္၏။ ထို​ေနာက္ နန္း​ေတာ္​သို႔​ျပန္​လာ၍ စား​စ​ရာ​ကို​ေတာင္း​ေသာ​အ​ခါ၊ ကၽြန္​တို႔​သည္ စား​ပြဲ​ေတာ္​ကို​ျပင္၍ မင္း​ႀကီး​သည္ စား​ေတာ္​မူ၏။
Burmese MCLZV
ဒါ​ဝိဒ္​သည္​ၾကမ္း​ျပင္​ေပၚ​မွ​ထ​၍ ေရ​ခ်ိဳး ေခါင္း​ဖီး​ၿပီး​လၽွင္​အ​ဝတ္​အ​စား​မ်ား​ကို လဲ​၏။ ထို​ေနာက္​ထာဝ​ရ​ဘု​ရား​၏​အိမ္​ေတာ္ သို႔​သြား​၍​ဝတ္​ျပဳ​ကိုး​ကြယ္​၏။ နန္း​ေတာ္ သို႔​ျပန္​လည္​ေရာက္​ရွိ​လာ​ေသာ​အ​ခါ​မင္း ႀကီး​သည္ စား​ေသာက္​ဖြယ္​တို႔​ကို​ေတာင္း​၍ ခ်က္​ခ်င္း​ပင္​စား​ေတာ္​ေခၚ​ေလ​သည္။-
Burmese MSBU
ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် မြေ​မှ​ထ​၍ ရေချိုး​ဆီလိမ်း အဝတ်အစား​လဲ​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ဝတ်ပြုကိုးကွယ်​လေ​၏​။ ထို့နောက် နန်းတော်​သို့​ပြန်လာ​၍ အစားအစာ​ပြင်ဆင်​ခိုင်း​ပြီး စားတော်ခေါ်​လေ​၏​။
Burmese MSBZ
ထိုအခါ ဒါဝိဒ္​မင္းႀကီး​သည္ ေျမ​မွ​ထ​၍ ေရခ်ိဳး​ဆီလိမ္း အဝတ္အစား​လဲ​ၿပီးလွ်င္ ထာဝရဘုရား​၏​အိမ္​ေတာ္​သို႔​သြား​၍ ဝတ္ျပဳကိုးကြယ္​ေလ​၏​။ ထို႔ေနာက္ နန္းေတာ္​သို႔​ျပန္လာ​၍ အစားအစာ​ျပင္ဆင္​ခိုင္း​ၿပီး စားေတာ္ေခၚ​ေလ​၏​။