2 Samuel 15:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အဗရှလုံသည်ဣသရေလအမျိုးသားတို့၏ ကျေးဇူးသစ္စာကိုခံယူရရှိနေပြီဖြစ်ကြောင်း ဒါဝိဒ်အားလူတစ်ယောက်သည်လာရောက် သတင်းပေးပို့၏။
Burmese 1835 Version Judson
သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ၍၊ ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။
Burmese 1928
ဣ သ ရေ လ အ မျိုး သား တို့ သည် အ ဗ ရှ လုံ့ ဘက် သို့ စိတ် ပါ ကြ ပြီ ဟု ဒါ ဝိဒ် မင်း ထံ လူ တစ် ဦး လာ ရောက် သ တင်း ပေး သော်၊
Burmese 2021
သတင်းပြောသောသူတစ်ယောက်သည် ဒါဝိဒ်ထံသို့လာ၍၊ ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။
Burmese JBZV
သတင္းေျပာေသာသူတစ္ေယာက္သည္ ဒါဝိဒ္ထံသို႔လာ၍၊ ဣသေရလအမ်ိဳးသားတို႔၏စိတ္ႏွလုံးသည္ အဗရွလုံဘက္သို႔ ပါသြားပါၿပီဟု ၾကားေလၽွာက္ေလ၏။
Burmese MCLZV
အဗရွလုံသည္ဣသေရလအမ်ိဳးသားတို႔၏ ေက်းဇူးသစၥာကိုခံယူရရွိေနၿပီျဖစ္ေၾကာင္း ဒါဝိဒ္အားလူတစ္ေယာက္သည္လာေရာက္ သတင္းေပးပို႔၏။
Burmese MSBU
ထိုအခါ တမန်တစ်ဦးသည် ဒါဝိဒ်မင်းကြီးထံသို့လာပြီး “အစ္စရေးအမျိုးသားတို့၏စိတ်သည် အဗရှလုံနောက်သို့ ပါသွားပါပြီ”ဟု လျှောက်တင်၏။
Burmese MSBZ
ထိုအခါ တမန္တစ္ဦးသည္ ဒါဝိဒ္မင္းႀကီးထံသို႔လာၿပီး “အစၥေရးအမ်ိဳးသားတို႔၏စိတ္သည္ အဗရွလုံေနာက္သို႔ ပါသြားပါၿပီ”ဟု ေလွ်ာက္တင္၏။