2 Samuel 15:19 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
မင်း​ကြီး​က​သူ​တို့​၏ တပ်​မှူး​အိတ္တဲ​အား``သင် သည်​အ​ဘယ်​ကြောင့်​ငါ​တို့​နှင့်​အ​တူ​လိုက် လာ​ပါ​သ​နည်း။ ဘု​ရင်​သစ်​ထံ​သို့​ပြန်​၍​နေ ပါ​လော့။ သင်​သည်​လူ​မျိုး​ခြား​ဖြစ်​ပါ​၏။ မိ​မိ တိုင်း​ပြည်​နှင့်​လည်း​ဝေး​ကွာ​လျက်​တိုင်း တစ်​ပါး​တွင်​ခို​လှုံ​နေ​သူ​ဖြစ်​သည်။-
Burmese 1835 Version Judson
ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို့နှင့် အဘယ်ကြောင့် လိုက်သနည်း။ ရှင်ဘုရင်ထံသို့ ပြန်၍နေလော့။ သင်သည် တပါးအမျိုးသား၊ နေရာမကျ သော ဧည့်သည်ဖြစ်၏။
Burmese 1928
ထို အ ခါ ဂါ သ မြို့ သား အိ တ္တဲ အား ဘု ရင် မင်း က၊ သင် သည် ကိုယ့် ပြည် နှင့် ဝေး ကွာ သော လူ မျိုး ခြား ဖြစ် လျက် ငါ တို့ နောက် သို့ အ ဘယ် ကြောင့် လိုက် လို သ နည်း။ မင်း လောင်း ထံ သွား နေ လော့။
Burmese 2021
ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဂိ​တ္တိ​လူ​အိ​တ္တဲ​အား​လည်း၊ ငါ​တို့​နှင့် အ​ဘယ်​ကြောင့်​လိုက်​သ​နည်း။ ရှင်​ဘု​ရင်​ထံ​သို့ ပြန်၍​နေ​လော့။ သင်​သည် တစ်​ပါး​အ​မျိုး​သား၊ နေ​ရာ​မ​ကျ​သော​ဧည့်​သည်​ဖြစ်၏။
Burmese JBZV
ထို​အ​ခါ ရွင္​ဘု​ရင္​သည္ ဂိ​တၱိ​လူ​အိ​တၱဲ​အား​လည္း၊ ငါ​တို႔​ႏွင့္ အ​ဘယ္​ေၾကာင့္​လိုက္​သ​နည္း။ ရွင္​ဘု​ရင္​ထံ​သို႔ ျပန္၍​ေန​ေလာ့။ သင္​သည္ တစ္​ပါး​အ​မ်ိဳး​သား၊ ေန​ရာ​မ​က်​ေသာ​ဧည့္​သည္​ျဖစ္၏။
Burmese MCLZV
မင္း​ႀကီး​က​သူ​တို႔​၏ တပ္​မွူး​အိတၱဲ​အား``သင္ သည္​အ​ဘယ္​ေၾကာင့္​ငါ​တို႔​ႏွင့္​အ​တူ​လိုက္ လာ​ပါ​သ​နည္း။ ဘု​ရင္​သစ္​ထံ​သို႔​ျပန္​၍​ေန ပါ​ေလာ့။ သင္​သည္​လူ​မ်ိဳး​ျခား​ျဖစ္​ပါ​၏။ မိ​မိ တိုင္း​ျပည္​ႏွင့္​လည္း​ေဝး​ကြာ​လ်က္​တိုင္း တစ္​ပါး​တြင္​ခို​လွုံ​ေန​သူ​ျဖစ္​သည္။-
Burmese MSBU
ရှင်ဘုရင်​က ဂိတ္တိ​လူမျိုး အိတ္တဲ​အား “​အဘယ်ကြောင့် ငါ​တို့​နှင့်အတူ လိုက်လာ​သနည်း​။ ပြန်သွား​ပြီး ဘုရင်​နှင့်အတူ နေ​လော့​။ သင်​သည် နေရင်းပြည်​မှ ဖမ်းခေါ်လာ​ခြင်း​ခံရ​သော​တစ်ပါးအမျိုးသား​ဖြစ်​၏​။
Burmese MSBZ
ရွင္ဘုရင္​က ဂိတၱိ​လူမ်ိဳး အိတၱဲ​အား “​အဘယ္ေၾကာင့္ ငါ​တို႔​ႏွင့္အတူ လိုက္လာ​သနည္း​။ ျပန္သြား​ၿပီး ဘုရင္​ႏွင့္အတူ ေန​ေလာ့​။ သင္​သည္ ေနရင္းျပည္​မွ ဖမ္းေခၚလာ​ျခင္း​ခံရ​ေသာ​တစ္ပါးအမ်ိဳးသား​ျဖစ္​၏​။