2 Samuel 16:21 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အဟိသောဖေလက``နန်းတော်ကိုစောင့်စေ ရန်အရှင့်ခမည်းတော်ထားခဲ့သောမောင်းမ များရှိရာသို့ဝင်၍ ကိုယ်လက်နှီးနှောမှုကို ပြုတော်မူပါ။ သို့ပြုလျှင်ခမည်းတော်သည် အရှင့်အားရန်သူအဖြစ်သတ်မှတ်ကြောင်း လူအပေါင်းတို့သိသောအခါအရှင်၏ နောက်လိုက်နောက်ပါတို့သည်အလွန်အား ရကြပါလိမ့်မည်'' ဟုလျှောက်၏။-
Burmese 1835 Version Judson
အဟိသောဖေလက၊ နန်းတော်ကို စောင့်စေခြင်းငှါ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ။ ခမည်းတော်သည်ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်း တို့သည်ကြား၍၊ ကိုယ်တော်ဘက်၌နေသော သူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည် အတိုင်း၊
Burmese 1928
အ ဟိ သော ဖေ လ က၊ နန်း တော် စောင့် ထား ခဲ့ သော ခ မည်း တော်၏ မောင်း မ ကိုယ် လုပ် တို့ ထံ ဝင် တော် မူ ပါ။ သို့ ပြု လျှင် သား တော် သည် ခ မည်း တော် ရွံ ရှာ ဖွယ် ဖြစ် ကြောင်း ကို ဣ သ ရေ လ တစ် မျိုး လုံး ကြား၍ ကိုယ် တော့် ဘက် ပါ အ ပေါင်း တို့ သည် လက် ရုံး ရည် တိုး တက် ကြ လိမ့် မည် ဟု အ ကြံ ပေး သည့် အ တိုင်း
Burmese 2021
အဟိသောဖေလက၊ နန်းတော်ကိုစောင့်စေခြင်းငှာ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ။ ခမည်းတော်သည် ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည်ကြား၍၊ ကိုယ်တော်ဘက်၌နေသောသူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည်အတိုင်း၊
Burmese JBZV
အဟိေသာေဖလက၊ နန္းေတာ္ကိုေစာင့္ေစျခင္းငွာ ခမည္းေတာ္ထားခဲ့ေသာ ကိုယ္လုပ္ေတာ္တို႔ရွိရာသို႔ ဝင္ေတာ္မူပါ။ ခမည္းေတာ္သည္ ကိုယ္ေတာ္အား စက္ဆုပ္ရြံရွာေၾကာင္းကို ဣသေရလအမ်ိဳးသားအေပါင္းတို႔သည္ၾကား၍၊ ကိုယ္ေတာ္ဘက္၌ေနေသာသူအေပါင္းတို႔သည္ လက္အားႀကီးၾကပါလိမ့္မည္ဟု ေလၽွာက္သည္အတိုင္း၊
Burmese MCLZV
အဟိေသာေဖလက``နန္းေတာ္ကိုေစာင့္ေစ ရန္အရွင့္ခမည္းေတာ္ထားခဲ့ေသာေမာင္းမ မ်ားရွိရာသို႔ဝင္၍ ကိုယ္လက္ႏွီးေႏွာမွုကို ျပဳေတာ္မူပါ။ သို႔ျပဳလၽွင္ခမည္းေတာ္သည္ အရွင့္အားရန္သူအျဖစ္သတ္မွတ္ေၾကာင္း လူအေပါင္းတို႔သိေသာအခါအရွင္၏ ေနာက္လိုက္ေနာက္ပါတို႔သည္အလြန္အား ရၾကပါလိမ့္မည္'' ဟုေလၽွာက္၏။-
Burmese MSBU
အဟိသောဖေလက အဗရှလုံအား “နန်းတော်ကိုစောင့်ရှောက်ရန် အရှင့်ခမည်းတော်ချန်ထားခဲ့သော မောင်းမတို့ထံ ဝင်ပါ။ ဤသို့ အရှင်သည် ခမည်းတော်စက်ဆုပ်ရွံရှာအောင်ပြုကြောင်းကို အစ္စရေးလူတစ်မျိုးနွယ်လုံးကြားသိလျှင် အရှင့်ဘက်သားအားလုံး အားတက်လာလိမ့်မည်”ဟု လျှောက်တင်၏။
Burmese MSBZ
အဟိေသာေဖလက အဗရွလုံအား “နန္းေတာ္ကိုေစာင့္ေရွာက္ရန္ အရွင့္ခမည္းေတာ္ခ်န္ထားခဲ့ေသာ ေမာင္းမတို႔ထံ ဝင္ပါ။ ဤသို႔ အရွင္သည္ ခမည္းေတာ္စက္ဆုပ္႐ြံရွာေအာင္ျပဳေၾကာင္းကို အစၥေရးလူတစ္မ်ိဳးႏြယ္လုံးၾကားသိလွ်င္ အရွင့္ဘက္သားအားလုံး အားတက္လာလိမ့္မည္”ဟု ေလွ်ာက္တင္၏။