2 Samuel 17:23 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အ​ဟိ​သော​ဖေ​လ​သည်​မိ​မိ​ပေး​သည့် အ​ကြံ​ကို​မ​လိုက်​ကြ​ကြောင်း​သိ​ရှိ​သော အ​ခါ မြည်း​ကို​ကုန်း​နှီး​တင်​၍​မိ​မိ​နေ​ရင်း မြို့​သို့​ပြန်​လေ​၏။ သူ​သည်​မိ​မိ​၏​အ​မှု ကိစ္စ​အ​ဝ​ဝ​ကို​စီ​စဉ်​ဆောင်​ရွက်​ပြီး​နောက် ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ သူ့​အ​လောင်း​ကို သက်​ဆိုင်​ရာ​ဆွေ​မျိုး​စု​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။
Burmese 1835 Version Judson
အဟသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင်ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့ သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုး တပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သဂြိုဟ်ကြ၏။
Burmese 1928
အ ဟိ သော ဖေ လ သည် ကိုယ် ပေး သော အ ကြံ သို့ မ လိုက် ကြ သည် ကို သိ မြင် သ ဖြင့်၊ မြည်း ကို က တင် ပြီး လျှင် နေ ရင်း မြို့ ရောက် စီး သွား၍ အိမ် မှု ရေး ရာ ကို စီ မံ ပြီး မှ ဆွဲ ကြိုး ချ လျက် သေ လွန် ရာ အ ဘ သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ လေ ၏။
Burmese 2021
အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​ပေး​သော​အ​ကြံ​သို့ မ​လိုက်​ကြ​သည်​အ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ၊ မြည်း​ကို ကုန်း​နှီး​တင်​စေ​ပြီး​လျှင် ထ၍ မိ​မိ​နေ​ရင်း​မြို့ မိ​မိ​အိမ်​သို့​သွား​သ​ဖြင့် အိမ်​မှု​အိမ်​ရေး​များ​ကို စီ​ရင်​ပြီး​မှ လည်​ကြိုး​တပ်၍ သေ​လေ၏။ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
အဟိသောဖေလ​သည် မိမိ​ပေး​သော​အကြံ​အတိုင်း မ​လုပ်​သည်​ကို သိမြင်​လျှင် မြည်း​ကို ကုန်းနှီးတင်​ပြီး နေရင်းမြို့​ရှိ မိမိ​အိမ်​သို့ ပြန်​ကာ အိမ်သား​တို့​အား မှာစရာ​ရှိ​သည်​ကို မှာကြား​ပြီး မိမိကိုယ်ကို ကြိုးဆွဲချ​သေ​လေ​၏​။ သူ့​ကို ဘိုးဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ကြ​၏​။
Burmese MSBZ