2 Samuel 18:33 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။
Burmese 1835 Version Judson
ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ် ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ် တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။
Burmese 1928
ဘု ရင် မင်း သည် နှ လုံး တော် မ သာ လျက် မြို့ တံ ခါး ထိပ် တန် ဆောင်း တွင်း သို့ ဝင် ရန် တက် သွား စဉ် အို ငါ့ သား အ ဗ ရှ လုံ၊ ငါ့ သား၊ ငါ့ သား၊ အ ဗ ရှ လုံ၊ သင့် ကိုယ် စား ငါ မ သေ ပါ လေ။ အို အ ဗ ရှ လုံ၊ ငါ့ သား၊ ငါ့ သား ဟု ငို ကြွေး မြည် တမ်း လေ ၏။
Burmese 2021
ရှင်ဘုရင်သည် အလွန်နာကျင်သောစိတ်ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ်တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ထိုအခါ ရှင်ဘုရင်သည် တုန်လှုပ်လျက်၊ မြို့တံခါးအထက်ခန်းသို့ တက်သွားပြီးလျှင် လမ်းလျှောက်ရင်း ငိုကြွေးလျက် “အို ငါ့သား၊ ငါ့သား အဗရှလုံ၊ ငါ့သား အဗရှလုံ၊ အဘယ်ကြောင့် သင့်အစား ငါမသေရသနည်း။ အို ငါ့သား၊ ငါ့သား အဗရှလုံ”ဟု မြည်တမ်းလေ၏။
Burmese MSBZ