2 Samuel 19:41 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​အ​ခါ​ဣသ​ရေ​လ​အမျိုး​သား​အ​ပေါင်း​တို့ သည် မင်း​ကြီး​ထံ​လာ​၍``အ​ကျွန်ုပ်​တို့​၏​ညီ အစ်​ကို​များ​ဖြစ်​ကြ​သော​ယု​ဒ​ပြည်​သား တို့​သည်​အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​မိ​သား​စု၊ အ​ရှင့်​လူ​တို့​ကို​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့ ပို့​ဆောင်​ခွင့်​ရှိ​သည်​ဟု​အ​ဘယ်​ကြောင့်​ထင် မှတ်​ကြ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​ကြ​၏။
Burmese 1835 Version Judson
တဖန်ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ် သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကို ခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သားကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တဘက်သို့ ပို့ရကြမည် နည်းဟုလျှောက်ကြသော်၊
Burmese 1928
ဣ သ ရေ လ သူ ရဲ အ ပေါင်း တို့ သည် ဘု ရင် မင်း ထံ တိုး ဝင် ၍၊ ညီ အစ် ကို ချင်း ဖြစ် ကြ သော ယု ဒ သူ ရဲ တို့ သည် ဘု ရင် မင်း မှ စ၍ နန်း တော် သား တို့ နှင့် တ ကွ နောက် တော် ပါ အ ပေါင်း တို့ ကို ယော် ဒန် မြစ် တစ် ဖက် ရောက် အ ဘယ် ကြောင့် လျှို့ တ ဝှက် ဆောင် ကြဉ်း ကြ ပါ သ နည်း ဟု တင် လျှောက် ကြ သော်၊
Burmese 2021
တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​လာ၍၊ ကျွန်​တော်​တို့ ညီ​အစ်​ကို​ဖြစ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ခိုး​ယူ၍ ကိုယ်​တော်​နှင့်​တ​ကွ နန်း​တော်​သား ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​ကို အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ရ​ကြ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊
Burmese JBZV
Burmese MCLZV
Burmese MSBU
ထို့နောက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ရှင်ဘုရင်​ထံသို့ လာ​ပြီး ရှင်ဘုရင်​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို ယုဒ​အမျိုးသား​တို့​သည် အရှင့်​ကို အဘယ်ကြောင့် ခိုးယူ​ပြီး အရှင်မင်းကြီး​မှစ၍ နန်းတွင်းသူ​နန်းတွင်းသား​များ​နှင့်တကွ ဒါဝိဒ်​မင်းကြီး​၏​လူ​အားလုံး​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ ကူး​စေ​ကြ​သနည်း”​ဟု လျှောက်တင်​ကြ​၏​။
Burmese MSBZ