2 Samuel 19:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုအခါမင်းကြီးသည်ထပြီးလျှင်မြို့ တံခါးအနီးသို့သွား၍ထိုင်တော်မူ၏။ လူ တို့သည်ထိုအရပ်တွင်မင်းကြီးရှိတော်မူ ကြောင်းကြားသောအခါအထံတော်သို့ ချဉ်းကပ်လာကြ၏။ ဤအတောအတွင်း၌ဣသရေလအမျိုး သားအပေါင်းတို့သည် မိမိတို့နေရပ် အသီးသီးသို့ထွက်ပြေးကြ၏။-
Burmese 1835 Version Judson
ရှင်ဘုရင်သည် ထ၍တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ထိုင်တော်မူသည်ကို လူအပေါင်း တို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။
Burmese 1928
ဘု ရင် မင်း သည် မြို့ တံ ခါး သို့ ထွက် ကြွ စံ နေ လေ၏။ ထို သို့ စံ နေ ကြောင်း ကို တစ် တပ် လုံး ကြား သိ သော အ ခါ အ ထံ တော် ရောက် တိုး ဝင် ကြ ကုန်၏။ ဣ သ ရေ လ ရဲ မက် တို့ မူ ကား အ သီး အ သီး နေ အိမ် သို့ ပြေး သွား နှင့် ကြ သ တည်း။
Burmese 2021
ရှင်ဘုရင်သည် ထ၍ တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ ထိုင်တော်မူသည်ကို လူအပေါင်းတို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။
Burmese JBZV
ရွင္ဘုရင္သည္ ထ၍ တံခါးဝ၌ထိုင္ေတာ္မူ၏။ ရွင္ဘုရင္သည္ တံခါးဝ၌ ထိုင္ေတာ္မူသည္ကို လူအေပါင္းတို႔သည္ ၾကားေသာအခါ အထံေတာ္သို႔ ခ်ဥ္းကပ္ၾက၏။ ဣသေရလလူမ်ားမူကား မိမိတို႔ေနရာသို႔ ေျပးသြားၾကၿပီ။
Burmese MCLZV
ထိုအခါမင္းႀကီးသည္ထၿပီးလၽွင္ၿမိဳ႕ တံခါးအနီးသို႔သြား၍ထိုင္ေတာ္မူ၏။ လူ တို႔သည္ထိုအရပ္တြင္မင္းႀကီးရွိေတာ္မူ ေၾကာင္းၾကားေသာအခါအထံေတာ္သို႔ ခ်ဥ္းကပ္လာၾက၏။ ဤအေတာအတြင္း၌ဣသေရလအမ်ိဳး သားအေပါင္းတို႔သည္ မိမိတို႔ေနရပ္ အသီးသီးသို႔ထြက္ေျပးၾက၏။-
Burmese MSBU
ထိုအခါ ရှင်ဘုရင်သည် ထ၍မြို့တံခါး၌ သွားထိုင်၏။ လူအပေါင်းတို့ကလည်း “ကြည့်ရှုလော့။ မြို့တံခါး၌ ရှင်ဘုရင် ထိုင်တော်မူ၏”ဟု တစ်ဆင့်စကားကြားသိကြလျှင် ရှင်ဘုရင်ထံသို့ လာကြ၏။ အစ္စရေးလူမျိုးတို့မူကား မိမိတို့အိမ်သို့ အသီးသီးပြန်ပြေးကြ၏။
Burmese MSBZ
ထိုအခါ ရွင္ဘုရင္သည္ ထ၍ၿမိဳ႕တံခါး၌ သြားထိုင္၏။ လူအေပါင္းတို႔ကလည္း “ၾကည့္ရႈေလာ့။ ၿမိဳ႕တံခါး၌ ရွင္ဘုရင္ ထိုင္ေတာ္မူ၏”ဟု တစ္ဆင့္စကားၾကားသိၾကလွ်င္ ရွင္ဘုရင္ထံသို႔ လာၾက၏။ အစၥေရးလူမ်ိဳးတို႔မူကား မိမိတို႔အိမ္သို႔ အသီးသီးျပန္ေျပးၾက၏။