2 Samuel 2:21 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အာဗနာက``ငါ့ကိုလိုက်မနေနှင့်တော့။ အခြား စစ်သည်တစ်ယောက်ယောက်ကိုလိုက်၍ဖမ်းပြီးမှ သူ့ထံမှရသည့်ပစ္စည်းကိုယူလော့'' ဟုဆို၏။ သို့ ရာတွင်အာသဟေလသည်လိုက်မြဲလိုက်၍ နေ၏။-
Burmese 1835 Version Judson
အာဗနာကလည်း၊ လက်ျာဘက်သော်၎င်း၊ လက်ဝဲဘက်သော်၎င်း လှည့်သွားလျက်၊ လုလင် တယောက်ကို ဘမ်းဆီး၍ သူ၏လက်နက်စုံကို လုယူတော့ဟုဆိုသော်လည်း၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး၏။
Burmese 1928
ငါ ဟုတ် သည် ဟု ပြန် ပြော ရာ အာ ဗ နာ က ဝဲ ယာ တစ် ဘက် ဘက် လွှဲ သွား ပြီး လျှင် ငယ် သား တစ် ယောက် ယောက် ကို ဖမ်း ကိုင်၍ ပါ သ မျှ လု ယူ တော့ ဟု သ တိ ပေး သော် လည်း အာ သ ဟေ လ လိုက် မြဲ လိုက် သော ကြောင့် အာ ဗ နာ က ငါ့ ကို မ လိုက် ဘဲ လွှဲ သွား လော့။ အ ဘယ် ကြောင့် ငါ လှဲ သတ် ရ မည် နည်း။ သို့ ပြု လျှင် သင့် အစ် ကို ယွာ ဘ ထံ မည် သို့ ငါ မျက် နှာ ပြ နိုင် အံ့ နည်း ဟု ထပ် မံ သ တိ ပေး သည့် တိုင် အောင်
Burmese 2021
အာဗနာကလည်း၊ လက်ယာဘက်သော်လည်းကောင်း၊ လက်ဝဲဘက်သော်လည်းကောင်း လှည့်သွားလျက်၊ လုလင်တစ်ယောက်ကို ဖမ်းဆီး၍ သူ၏လက်နက်စုံကို လုယူတော့ဟု ဆိုသော်လည်း၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး၏။
Burmese JBZV
အာဗနာကလည္း၊ လက္ယာဘက္ေသာ္လည္းေကာင္း၊ လက္ဝဲဘက္ေသာ္လည္းေကာင္း လွည့္သြားလ်က္၊ လုလင္တစ္ေယာက္ကို ဖမ္းဆီး၍ သူ၏လက္နက္စုံကို လုယူေတာ့ဟု ဆိုေသာ္လည္း၊ အာသေဟလသည္ မလွည့္ဘဲ လိုက္ေသး၏။
Burmese MCLZV
အာဗနာက``ငါ့ကိုလိုက္မေနႏွင့္ေတာ့။ အျခား စစ္သည္တစ္ေယာက္ေယာက္ကိုလိုက္၍ဖမ္းၿပီးမွ သူ႔ထံမွရသည့္ပစၥည္းကိုယူေလာ့'' ဟုဆို၏။ သို႔ ရာတြင္အာသေဟလသည္လိုက္ျမဲလိုက္၍ ေန၏။-
Burmese MSBU
ထို့နောက် အာဗနာက “ငါ့ကို မလိုက်တော့နှင့်။ ဝဲဘက်ဖြစ်စေ၊ ယာဘက်ဖြစ်စေ လှည့်၍ လုလင်တစ်ယောက်ယောက်ကိုလိုက်ဖမ်းပြီး သူ့ထံမှလက်နက်ပစ္စည်းများကို သိမ်းယူပါလော့”ဟု ဆိုသော်လည်း အာသဟေလသည် ပြန်မလှည့်ဘဲ ဆက်၍သာလိုက်၏။
Burmese MSBZ
ထို႔ေနာက္ အာဗနာက “ငါ့ကို မလိုက္ေတာ့ႏွင့္။ ဝဲဘက္ျဖစ္ေစ၊ ယာဘက္ျဖစ္ေစ လွည့္၍ လုလင္တစ္ေယာက္ေယာက္ကိုလိုက္ဖမ္းၿပီး သူ႔ထံမွလက္နက္ပစၥည္းမ်ားကို သိမ္းယူပါေလာ့”ဟု ဆိုေသာ္လည္း အာသေဟလသည္ ျပန္မလွည့္ဘဲ ဆက္၍သာလိုက္၏။