2 Samuel 20:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထို့ကြောင့်ဣသရေလပြည်မှလူတို့သည် ဒါဝိဒ်ကိုစွန့်၍ ရှေဘနှင့်လိုက်သွားကြ၏။ ယုဒပြည်မှလူတို့မူကားသစ္စာမဖောက်ဘဲ ယော်ဒန်မြစ်မှယေရုရှလင်မြို့တိုင်အောင် ဒါဝိဒ်နှင့်လိုက်သွားကြလေသည်။
Burmese 1835 Version Judson
ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
Burmese 1928
ဣ သ ရေ လ သူ ရဲ အ ပေါင်း တို့ သည် ဒါ ဝိဒ် မင်း ထံ မှ ထွက် ခွာ၍ ဗိ ခ ရိ သား ရှေ ဘ နောက် သို့ လိုက် သွား ကြ ၏။ ယု ဒ သူ ရဲ တို့ မူ ကား ယော် ဒန် မြစ် မှ ယေ ရု ရှ လင် မြို့ ရောက်၊ ကိုယ့် ဘု ရင် မင်း နှင့် မ ကွာ လိုက် ကြ ကုန်၏။
Burmese 2021
ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှထွက်၍ ဗိခရိသားရှေဘနောက်သို့ လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ထို့ကြောင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်မင်းကြီးနောက်သို့လိုက်ရာမှလှည့်၍ ဗိခရိ၏သားရှေဘ နောက်သို့လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား ဂျော်ဒန်မြစ်မှ ဂျေရုဆလင်မြို့တိုင်အောင် မိမိတို့ရှင်ဘုရင်နောက်တော်သို့ ထက်ကြပ်မကွာလိုက်ကြ၏။
Burmese MSBZ