2 Samuel 22:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားသည်ရန်သူတို့အား အမျက်ထွက်တော်မူ၍ ဆုံးမကြိမ်းဝါးတော်မူသောအခါ၊သမုဒ္ဒရာ အောက်ခံနှင့်ကမ္ဘာမြေကြီး၏ အခြေအမြစ်တို့သည်ဟင်းလင်းထင်ပေါ်လာ ကုန်၏။
Burmese 1835 Version Judson
ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ၏။
Burmese 1928
လျှပ် စစ် ပြက် စေ သ ဖြင့်၊ ရှုံး နိမ့် စေ တော် မူ၏။ ထာ ဝ ရ ဘု ရား အ မိန့် တော် ရှိ၍ နှာ တော် ဖြင့် ရှူ မှုတ် တော် မူ သည့် ကာ လ သ မု ဒ္ဒ ရာ အောက် ခံ များ ထင် ပေါ် လျက် မြေ ကြီး အ ခြေ အ မြစ် များ ဟင်း လင်း ပေါ် ရ၏။
Burmese 2021
ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက်ရှိကြ၏။
Burmese JBZV
ထိုအခါ ထာဝရဘုရားသည္ အျပစ္တင္၍၊ ႏွာေခါင္းေတာ္ထဲက အသက္ရွူေတာ္မူေသာအားျဖင့္ သမုဒၵရာေအာက္ျပင္ႏွင့္ ေလာကတိုက္ျမစ္တို႔သည္ ဖြင့္လွစ္ထင္ေပၚလ်က္ရွိၾက၏။
Burmese MCLZV
ထာဝရဘုရားသည္ရန္သူတို႔အား အမ်က္ထြက္ေတာ္မူ၍ ဆုံးမႀကိမ္းဝါးေတာ္မူေသာအခါ၊သမုဒၵရာ ေအာက္ခံႏွင့္ကမၻာေျမႀကီး၏ အေျခအျမစ္တို႔သည္ဟင္းလင္းထင္ေပၚလာ ကုန္၏။
Burmese MSBU
ထာဝရဘုရား၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
Burmese MSBZ
ထာဝရဘုရား၏ဆုံးမျခင္းႏွင့္ ႏွာေခါင္းေတာ္ထဲမွ ရႉထုတ္ေသာေလေၾကာင့္ ပင္လယ္ၾကမ္းျပင္မ်ား ေပၚလာ၍ ကမာၻႀကီး၏ေအာက္ေျခတို႔သည္ ဟင္းလင္းျပင္ျဖစ္ေလ၏။