2 Samuel 23:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
နာမည်ကျော်ရဲဘော်သုံးယောက်တို့သည် ဖိလိတ္တိတပ်စခန်းကိုထိုးဖောက်ပြီးနောက် ရေတွင်းမှရေကိုခပ်ယူ၍ဒါဝိဒ်ထံသို့ ယူဆောင်ခဲ့ကြ၏။ သို့ရာတွင်မင်းကြီးသည် ထိုရေကိုသောက်တော်မမူဘဲထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့်သွန်း လောင်းလျက်၊-
Burmese 1835 Version Judson
ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌သွန်းလျက်၊
Burmese 1928
ဖိ လိ တ္တိ တပ် ကို ဖောက် ထွင်း ပြီး လျှင် ဗက် လင် မြို့ တံ ခါး အ နီး ရှိ တွင်း ရေ ကို ခပ် ယူ လျက် ဒါ ဝိဒ် အား ပေး ကြ သော် ဒါ ဝိဒ် က၊ အို ထာ ဝ ရ ဘု ရား ကိုယ့် အ သက် ကို စွန့် စား ၍ သွား ခပ် သော ထို သူ တို့ အ သွေး ကို သောက် ခြင်း အ မှု သည် အ ကျွန်ုပ် နှင့် ကင်း ဝေး ပါ စေ သော ဟု ဆို လျက် မ သောက် ဘဲ ထာ ဝ ရ ဘု ရား ရှေ့ တော်၌ သွန်း လောင်း လေ၏။ ဆို ခဲ့ သော ရဲ ဗိုလ် သုံး ယောက် တို့ သည် ထို အ မှု များ ကို ပြု ကြ သ တည်း။
Burmese 2021
ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကိုခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌သွန်းလျက်၊
Burmese JBZV
Burmese MCLZV
Burmese MSBU
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
Burmese MSBZ