2 Samuel 3:12 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​တွင်​ရှိ နေ​သ​ဖြင့် အာ​ဗ​နာ​သည်​သူ​၏​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``ဤ​ပြည်​ကို​အ​ဘယ်​သူ​အုပ်​စိုး ပါ​မည်​နည်း။ အ​ကျွန်ုပ်​နှင့်​သစ္စာ​ဖွဲ့​တော်​မူ​လျှင် အ​ရှင့်​ဘက်​သို့​ဣသ​ရေ​လ​တစ်​ပြည်​လုံး​ပါ လာ​စေ​ရန်​အ​ကျွန်ုပ်​ကူ​ညီ​ဆောင်​ရွက်​ပေး​ပါ မည်'' ဟု​လျှောက်​စေ​၏။
Burmese 1835 Version Judson
ထိုနောက်အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့်မိဿဟာယဖွဲ့တော်မူပါ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှါ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။
Burmese 1928
ထို နောက် အာ ဗ နာ သည် ဒါ ဝိဒ် မင်း ထံ ကိုယ့် အ တွက် တ မန် တို့ ကို စေ၍ ဤ ပြည် ကား မည် သူ့ လက် ဝယ် ပါ သ နည်း ဟူ ၍ လည်း ကောင်း၊ ကျွန် တော် နှင့် သ စ္စာ မိတ် ဖွဲ့ တော် မူ လျှင် အ ရှင့် ထံ ဣ သ ရေ လ တစ် မျိုး လုံး ညွှတ် စေ ရန် ကျွန် တော့် လက် ရုံး သည် အ ရှင့် လက် ရုံး ဖြစ် ပါ လိမ့် မည် ဟူ၍ လည်း ကောင်း၊ တင် ဆက် သော်၊
Burmese 2021
ထို​နောက် အာ​ဗ​နာ​သည် မိ​မိ​အ​တွက် သံ​တ​မန်​တို့​ကို ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်၍၊ ပြည့်​ရှင်​မင်း​ကား အ​ဘယ်​သူ​နည်း။ ကျွန်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ကိုယ်​တော်​ထံ​သို့ ပြောင်း​လဲ​စေ​ခြင်း​ငှာ၊ ကျွန်​တော်​သည် ကိုယ်​တော်​ဘက်​သို့ ဝင်​စား​ပါ​မည်​ဟု လျှောက်​ဆို၏။
Burmese JBZV
ထို​ေနာက္ အာ​ဗ​နာ​သည္ မိ​မိ​အ​တြက္ သံ​တ​မန္​တို႔​ကို ဒါ​ဝိဒ္​ထံ​သို႔​ေစ​လႊတ္၍၊ ျပည့္​ရွင္​မင္း​ကား အ​ဘယ္​သူ​နည္း။ ကၽြန္​ေတာ္​ႏွင့္ မိတ္​သ​ဟာ​ယ​ဖြဲ႕​ေတာ္​မူ​ပါ။ ဣ​သ​ေရ​လ​အ​မ်ိဳး​အ​ေပါင္း​တို႔​ကို ကိုယ္​ေတာ္​ထံ​သို႔ ေျပာင္း​လဲ​ေစ​ျခင္း​ငွာ၊ ကၽြန္​ေတာ္​သည္ ကိုယ္​ေတာ္​ဘက္​သို႔ ဝင္​စား​ပါ​မည္​ဟု ေလၽွာက္​ဆို၏။
Burmese MCLZV
ထို​အ​ခ်ိန္​၌​ဒါ​ဝိဒ္​သည္​ေဟ​ျဗဳန္​ၿမိဳ႕​တြင္​ရွိ ေန​သ​ျဖင့္ အာ​ဗ​နာ​သည္​သူ​၏​ထံ​သို႔​ေစ​တ​မန္ မ်ား​ကို​လႊတ္​၍``ဤ​ျပည္​ကို​အ​ဘယ္​သူ​အုပ္​စိုး ပါ​မည္​နည္း။ အ​ကၽြန္ုပ္​ႏွင့္​သစၥာ​ဖြဲ႕​ေတာ္​မူ​လၽွင္ အ​ရွင့္​ဘက္​သို႔​ဣသ​ေရ​လ​တစ္​ျပည္​လုံး​ပါ လာ​ေစ​ရန္​အ​ကၽြန္ုပ္​ကူ​ညီ​ေဆာင္​ရြက္​ေပး​ပါ မည္'' ဟု​ေလၽွာက္​ေစ​၏။
Burmese MSBU
ထို့နောက် အာဗနာ​သည် မိမိ​ကိုယ်စား ဒါဝိဒ်​မင်းကြီး​ထံ တမန်​ကို​လွှတ်​၍ “​ဤ​ပြည်​ကို မည်သူ​ပိုင်​သနည်း​။ အကျွန်ုပ်​နှင့် မဟာမိတ်​ဖွဲ့​ပါ​လော့​။ အစ္စရေး​လူမျိုး​တစ်မျိုးလုံး အရှင့်​ဘက်​ပါလာ​အောင် အကျွန်ုပ်​ကူညီ​ပါ​မည်​”​ဟု လျှောက်​စေ​၏​။
Burmese MSBZ
ထို႔ေနာက္ အာဗနာ​သည္ မိမိ​ကိုယ္စား ဒါဝိဒ္​မင္းႀကီး​ထံ တမန္​ကို​လႊတ္​၍ “​ဤ​ျပည္​ကို မည္သူ​ပိုင္​သနည္း​။ အကြၽႏ္ုပ္​ႏွင့္ မဟာမိတ္​ဖြဲ႕​ပါ​ေလာ့​။ အစၥေရး​လူမ်ိဳး​တစ္မ်ိဳးလုံး အရွင့္​ဘက္​ပါလာ​ေအာင္ အကြၽႏ္ုပ္​ကူညီ​ပါ​မည္​”​ဟု ေလွ်ာက္​ေစ​၏​။