2 Samuel 3:19 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အာ​ဗ​နာ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား​လည်း တိုက်​တွန်း​ပြော​ဆို​၏။ ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အ​ဘယ်​သို့​သ​ဘော တူ​ညီ​ကြ​ကြောင်း​ကို ဒါ​ဝိဒ်​အား​ပြန်​ကြား လျှောက်​ထား​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​၏။
Burmese 1835 Version Judson
တဖန်အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကို လည်း သွေးဆောင်လေ၏၊ နောက်တဖန် ဣသရေလ အမျိုး အလိုရှိသမျှအရာ၊ ဗင်္ယာမိန်အမျိုး တညီညွတ် တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့၌ ဒါဝိဒ် အား ပြန်လျှောက်ခြင်းငှါ သွား၍၊
Burmese 1928
ဗင်္ယာ မိန့် အ နွယ် သား တို့ အား လည်း ညှိ နှိုင်း ပြီး လျှင်၊ ဣ သ ရေ လူ မျိုး တို့ နှင့် ဗင်္ယာ မိန့် အ နွယ် သား အ ပေါင်း တို့ ကြိုက် ညီ ကြ သည့် အ တိုင်း ဒါ ဝိဒ် မင်း ထံ တင် လျှောက် ရန် ဟေ ဗြုန် မြို့ သို့ သွား လေ ၏။
Burmese 2021
တစ်​ဖန် အာ​ဗ​နာ​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို​လည်း သွေး​ဆောင်​လေ၏၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး အ​လို​ရှိ​သ​မျှ​အ​ရာ၊ ဗင်္ယာ​မိန်​အ​မျိုး​တ​ညီ​တ​ညွတ်​တည်း အ​လို​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​အား ပြန်​လျှောက်​ခြင်း​ငှာ​သွား၍၊
Burmese JBZV
တစ္​ဖန္ အာ​ဗ​နာ​သည္ ဗယၤာ​မိန္​အ​မ်ိဳး​သား​တို႔​ကို​လည္း ေသြး​ေဆာင္​ေလ၏၊ ေနာက္​တစ္​ဖန္ ဣ​သ​ေရ​လ​အ​မ်ိဳး အ​လို​ရွိ​သ​မၽွ​အ​ရာ၊ ဗယၤာ​မိန္​အ​မ်ိဳး​တ​ညီ​တ​ညြတ္​တည္း အ​လို​ရွိ​သ​မၽွ​ေသာ​အ​ရာ​တို႔​ကို ေဟ​ျဗဳန္​ၿမိဳ႕၌ ဒါ​ဝိဒ္​အား ျပန္​ေလၽွာက္​ျခင္း​ငွာ​သြား၍၊
Burmese MCLZV
အာ​ဗ​နာ​သည္​ဗယၤာ​မိန္​အ​ႏြယ္​ဝင္​တို႔​အား​လည္း တိုက္​တြန္း​ေျပာ​ဆို​၏။ ထို​ေနာက္​သူ​သည္​ဣ​သ​ေရ​လ ႏွင့္​ဗယၤာ​မိန္​အ​ႏြယ္​ဝင္​တို႔​အ​ဘယ္​သို႔​သ​ေဘာ တူ​ညီ​ၾက​ေၾကာင္း​ကို ဒါ​ဝိဒ္​အား​ျပန္​ၾကား ေလၽွာက္​ထား​ရန္​ေဟ​ျဗဳန္​ၿမိဳ႕​သို႔​သြား​၏။
Burmese MSBU
အာဗနာ​သည် ဗင်္ယာမိန်​အမျိုးအနွယ်​တို့​နှင့်​လည်း တိုင်ပင်​ပြောဆို​ခဲ့​၏​။ ထို့နောက် အစ္စရေး​လူမျိုး​အပါအဝင် ဗင်္ယာမိန်​တစ်မျိုးနွယ်လုံး​၏​ကောင်း​သော​ထင်မြင်ချက်​အလုံးစုံ​တို့​ကို ဒါဝိဒ်​မင်းကြီး​အား တင်ပြ​ရန် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ​ဟေဗြုန်​မြို့​သို့ သွား​လေ​၏​။
Burmese MSBZ
အာဗနာ​သည္ ဗယၤာမိန္​အမ်ိဳးအႏြယ္​တို႔​ႏွင့္​လည္း တိုင္ပင္​ေျပာဆို​ခဲ့​၏​။ ထို႔ေနာက္ အစၥေရး​လူမ်ိဳး​အပါအဝင္ ဗယၤာမိန္​တစ္မ်ိဳးႏြယ္လုံး​၏​ေကာင္း​ေသာ​ထင္ျမင္ခ်က္​အလုံးစုံ​တို႔​ကို ဒါဝိဒ္​မင္းႀကီး​အား တင္ျပ​ရန္ ဒါဝိဒ္​မင္းႀကီး​ရွိ​ရာ​ေဟျဗဳန္​ၿမိဳ႕​သို႔ သြား​ေလ​၏​။