2 Samuel 7:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဒါဝိဒ်မင်းသည်တဲတော်သို့ဝင်ပြီးလျှင်ထိုင် ၍``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏မိသားစုသည်အကျွန်ုပ်အတွက် ကိုယ်တော်ရှင်ပြုတော်မူသောကျေးဇူး တော်နှင့်မထိုက်မတန်ပါ။-
Burmese 1835 Version Judson
ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း။
Burmese 1928
ထို အ ခါ ဒါ ဝိဒ် မင်း သည် ထာ ဝ ရ ဘု ရား ရှေ့ တော် သို့ တိုး ဝင် ပျပ် ဝပ် လျက် အို အ ရှင် ထာ ဝ ရ ဘု ရား အ ကျွန်ုပ် နှင့် ဆွေ မျိုး သား ချင်း တို့ သည် မည် သို့ သော သူ ဖြစ်၍ ဤ အ ဖြစ် အ နေ သို့ ပို့ ဆောင် ခြင်း ကျေး ဇူး တော် ကို ခံ ရ ပါ သ နည်း။
Burmese 2021
ထိုအခါ ဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သောအမျိုး ဖြစ်ပါသနည်း။
Burmese JBZV
ထိုအခါ ဒါဝိဒ္မင္းႀကီးသည္ အထဲသို႔ဝင္၍ ထာဝရဘုရားေရွ႕ေတာ္၌ ထိုင္ေနလ်က္၊ အိုအရွင္ ထာဝရဘုရား၊ အကၽြန္ုပ္ကို ဤမၽွေလာက္ ခ်ီးေျမႇာက္ေတာ္မူမည္အေၾကာင္း၊ အကၽြန္ုပ္သည္ အဘယ္သို႔ေသာသူ ျဖစ္ပါသနည္း။ အကၽြန္ုပ္အမ်ိဳးသည္ အဘယ္သို႔ေသာအမ်ိဳး ျဖစ္ပါသနည္း။
Burmese MCLZV
ဒါဝိဒ္မင္းသည္တဲေတာ္သို႔ဝင္ၿပီးလၽွင္ထိုင္ ၍``အို အရွင္ထာဝရဘုရား၊ အကၽြန္ုပ္ႏွင့္ အကၽြန္ုပ္၏မိသားစုသည္အကၽြန္ုပ္အတြက္ ကိုယ္ေတာ္ရွင္ျပဳေတာ္မူေသာေက်းဇူး ေတာ္ႏွင့္မထိုက္မတန္ပါ။-
Burmese MSBU
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်သို့တိုးဝင်၍ ထိုင်ပြီးလျှင် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်၍ အကျွန်ုပ်အမျိုးအနွယ်သည်လည်း မည်သို့သောအမျိုးအနွယ်ဖြစ်ပါသနည်း။
Burmese MSBZ
ထိုအခါ ဒါဝိဒ္မင္းႀကီးသည္ ထာဝရဘုရားေရွ႕ေတာ္သို႔တိုးဝင္၍ ထိုင္ၿပီးလွ်င္ “အို ဘုရားရွင္ထာဝရဘုရား၊ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္ကို ဤမွ်ေလာက္ ခ်ီးေျမႇာက္ေတာ္မူမည့္အေၾကာင္း အကြၽႏ္ုပ္ကား မည္သူျဖစ္၍ အကြၽႏ္ုပ္အမ်ိဳးအႏြယ္သည္လည္း မည္သို႔ေသာအမ်ိဳးအႏြယ္ျဖစ္ပါသနည္း။