2 Samuel 7:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
Burmese 1835 Version Judson
သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့်၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါ သလော။
Burmese 1928
အို အ ရှင် ထာ ဝ ရ ဘု ရား ထို ကျေး ဇူး တော် ကို သာ မ ည သ ဖွယ် မှတ် ယူ တော် မူ လျက် ရှည် လျား သော နောင် ကာ လ တိုင် အောင် ကျွန် တော် မျိုး၏ အိမ် ထောင် ကို ရည်၍ လူ တို့ ဘာ ဝ အ လိုက် မိန့် တော် မူ ပါ ပြီ တ ကား၊ အို အ ရှင် ထာ ဝ ရ ဘု ရား
Burmese 2021
သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါသလော။
Burmese JBZV
သို႔ရာတြင္ အိုအရွင္ထာဝရဘုရား၊ ထိုေက်းဇူးေတာ္ကို သာမညေက်းဇူးဟု ထင္မွတ္ေတာ္မူေသာေၾကာင့္၊ ကိုယ္ေတာ္ကၽြန္၏အမ်ိဳးအႏြယ္ကို ၾကာျမင့္စြာေသာကာလႏွင့္ ယွဥ္လ်က္မိန္႔ေတာ္မူပါသည္တကား။ အိုအရွင္ထာဝရဘုရား၊ လူတို႔သည္ ထိုသို႔စီရင္ေလ့ရွိပါသေလာ။
Burmese MCLZV
အို အရွင္ထာဝရဘုရား၊ ကိုယ္ေတာ္ရွင္သည္ အကၽြန္ုပ္အား ယခင္ကထက္ပင္ပို၍ေက်းဇူး ျပဳေတာ္မူပါသည္တကား။ လာလတၱံ့ေသာ ကာလ၌အကၽြန္ုပ္၏သားေျမးတို႔အတြက္ ကတိေတာ္ေပးေတာ္မူပါၿပီ။ အို အရွင္ ထာဝရဘုရား၊ ကိုယ္ေတာ္ရွင္သည္ဤ အေၾကာင္းကိုလူတစ္ေယာက္အားအသိ ေပးေတာ္မူပါသည္တကား။-
Burmese MSBU
အို ဘုရားရှင်ထာဝရဘုရား၊ ဤအရာသည် ကိုယ်တော့်အဖို့ အသေးအဖွဲသာဖြစ်ပါ၏။ ကိုယ်တော့်အစေအပါး၏အနာဂတ်မျိုးဆက်နှင့်ပတ်သက်၍လည်း ကိုယ်တော်မိန့်တော်မူလေပြီ။ အို ဘုရားရှင်ထာဝရဘုရား၊ လူသားတို့သည် ထိုသို့ ပြုလေ့ပြုထရှိပါသလော။
Burmese MSBZ
အို ဘုရားရွင္ထာဝရဘုရား၊ ဤအရာသည္ ကိုယ္ေတာ့္အဖို႔ အေသးအဖြဲသာျဖစ္ပါ၏။ ကိုယ္ေတာ့္အေစအပါး၏အနာဂတ္မ်ိဳးဆက္ႏွင့္ပတ္သက္၍လည္း ကိုယ္ေတာ္မိန႔္ေတာ္မူေလၿပီ။ အို ဘုရားရွင္ထာဝရဘုရား၊ လူသားတို႔သည္ ထိုသို႔ ျပဳေလ့ျပဳထရွိပါသေလာ။