2 Samuel 8:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်မင်းကြီးသည်မောဘပြည်သား တို့ကိုနှိမ်နင်းတော်မူ၍ ဖမ်းဆီးရမိသူတို့ အား မြေပေါ်တွင်လှဲချစေပြီးလျှင် သုံးပုံ နှစ်ပုံမျှသောသူတို့ကိုသတ်စေ၏။ သို့ဖြစ် ၍မောဘပြည်သားတို့သည်ဒါဝိဒ်၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်သရ ကြ၏။
Burmese 1835 Version Judson
မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစုကိုချမ်းသာပေး၏။ ထိုသို့မောဘ အမျိုးသားတို့သည် ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။
Burmese 1928
မော ဘ ပြည် ကို လည်း လုပ် ကြံ ရာ၊ ပြည် သား တို့ ကို မြေ ပေါ် တွင် လဲ စေ လျက် ကြိုး နှင့် တိုင်း တာ ပြီး လျှင် အ သေ သတ် ရန် နှစ် ကြိုး၊ ဘေး မဲ့ လွှတ် ရန် တစ် ကြိုး၊ စီ မံ၍ မော ဘ ပြည် သား တို့ သည် ဒါ ဝိဒ် မင်း လက် အောက် ခံ ဖြစ် ကြ သည့် အ တိုင်း အ ခွန် အ တုတ် ဆက် ရ ကြ ၏။
Burmese 2021
မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစ်စုကိုချမ်းသာပေး၏။ ထိုသို့ မောဘအမျိုးသားတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။
Burmese JBZV
ေမာဘျပည္ကိုလည္းလုပ္ႀကံ၍ ျပည္သားတို႔ကို ေျမေပၚမွာ လွဲခ်သျဖင့္၊ ႀကိဳးႏွင့္တိုင္းလ်က္ သုံးစုတြင္ ႏွစ္စုကိုသတ္၏။ တစ္စုကိုခ်မ္းသာေပး၏။ ထိုသို႔ ေမာဘအမ်ိဳးသားတို႔သည္ ဒါဝိဒ္၌ကၽြန္ခံ၍ အခြန္ဆက္ရၾက၏။
Burmese MCLZV
ထိုေနာက္မင္းႀကီးသည္ေမာဘျပည္သား တို႔ကိုႏွိမ္နင္းေတာ္မူ၍ ဖမ္းဆီးရမိသူတို႔ အား ေျမေပၚတြင္လွဲခ်ေစၿပီးလၽွင္ သုံးပုံ ႏွစ္ပုံမၽွေသာသူတို႔ကိုသတ္ေစ၏။ သို႔ျဖစ္ ၍ေမာဘျပည္သားတို႔သည္ဒါဝိဒ္၏လက္ ေအာက္ခံျဖစ္လာ၍အခြန္ဆက္သရ ၾက၏။
Burmese MSBU
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
Burmese MSBZ
ထို႔ေနာက္ ေမာဘျပည္ကိုလည္း တိုက္ခိုက္၏။ ေမာဘျပည္သားတို႔ကို ေျမေပၚတြင္လွဲေစၿပီး ႀကိဳးႏွင့္တိုင္းရာ ႀကိဳးသုံးပုံႏွစ္ပုံအတြင္းေရာက္ေနသူမ်ားကို သတ္ပစ္ၿပီး က်န္သုံးပုံတစ္ပုံကို အသက္ခ်မ္းသာေပး၏။ ဤသို႔ျဖင့္ ေမာဘလူမ်ိဳးတို႔သည္ ဒါဝိဒ္မင္းႀကီး၏လက္ေအာက္ခံျဖစ္လာၿပီး အခြန္မ်ားကိုဆက္သရ၏။