2 Thessalonians 1:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤအကြောင်းကြောင့်ငါတို့သည်သင်တို့ အတွက်အစဉ်အမြဲဆုတောင်းပတ္ထနာ ပြုကြ၏။ သင်တို့သည်ရွေးကောက်တော်မူ ခြင်းကျေးဇူးတော်နှင့်အညီပြုမူကျင့် ကြံနိုင်ကြစေရန် ငါတို့၏ဘုရားသခင် အားငါတို့တောင်းလျှောက်ကြ၏။ ကိုယ်တော် သည်တန်ခိုးတော်အားဖြင့်သင်တို့၏ကောင်း မြတ်သည့်လိုအင်ဆန္ဒရှိသမျှကိုပြည့်ဝ စေတော်မူ၍ သင်တို့၏ယုံကြည်ခြင်းအရ ပြုသမျှသောအမှုတို့ကိုပြီးမြောက် ခွင့်ပေးတော်မူပါစေသော။-
Burmese 1835 Version Judson
ထိုကြောင့် ငါတို့ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျေးဇူးတော်အတိုင်း၊ ထိုသခင်၏နာမတော်ကို သင်တို့အားဖြင့် ဘုန်းထင်ရှားစေခြင်းငှါ၎င်း၊ သင်တို့ကိုလည်း ထိုသခင်အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာ၎င်း၊
Burmese 1928
သို့ ဖြစ်၍ ငါ တို့ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် အ လျောက် သင် တို့ အား ဖြင့် အ ရှင် ယေ ရှု၏ နာ မ တော် ဘုန်း ပွင့် စေ ရန်လည်း ကောင်း၊ ကိုယ် တော် အား ဖြင့် သင် တို့ ဘုန်း ပွင့် စေ ရန်လည်း ကောင်း၊ ငါ တို့ ဘု ရား သ ခင် သည် သင် တို့ ကို ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် တန် သော သူ များ ဟု မှတ် ယူ တော် မူ လျက် တန် ခိုး တော် ဖြင့် ကောင်း မွန် သော အ ကြံ၊ ယုံ ကြည် ခြင်း ဆိုင် ရာ အ ကျင့် ရှိ သ မျှ ပြည့် စုံ စေ တော် မူ ပါ မည့် အ ကြောင်း သင် တို့ အ ဖို့ ငါ တို့ အ စဉ် ပ ဌ နာ ပြု ကြ၏။
Burmese 2021
ထိုကြောင့် ငါတို့ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျေးဇူးတော်အတိုင်း၊ ထိုသခင်၏နာမတော်ကို သင်တို့အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာလည်းကောင်း၊ သင်တို့ကိုလည်း ထိုသခင်အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာလည်းကောင်း၊ သင်တို့သည် ခေါ်တော်မူခြင်း ကျေးဇူးကို ခံထိုက်ကြသည်ဟု မှတ်တော်မူ၍၊ ကောင်းမြတ်တော်မူခြင်း၏ စေတနာအပေါင်းနှင့် သင်တို့၏ယုံကြည်ခြင်းအမှုကို တန်ခိုးနှင့် ပြည့်စုံစေတော်မူမည် အကြောင်း၊ ငါတို့သည် သင်တို့အဖို့ အစဉ်ဆုတောင်းပတ္ထနာ ပြုကြ၏။
Burmese JBZV
ထိုေၾကာင့္ ငါတို႔ဘုရားသခင္ႏွင့္ အရွင္ေယရွုခရစ္၏ ေက်းဇူးေတာ္အတိုင္း၊ ထိုသခင္၏နာမေတာ္ကို သင္တို႔အားျဖင့္ ဘုန္းထင္ရွားေစျခင္းငွာလည္းေကာင္း၊ သင္တို႔ကိုလည္း ထိုသခင္အားျဖင့္ ဘုန္းထင္ရွားေစျခင္းငွာလည္းေကာင္း၊ သင္တို႔သည္ ေခၚေတာ္မူျခင္း ေက်းဇူးကို ခံထိုက္ၾကသည္ဟု မွတ္ေတာ္မူ၍၊ ေကာင္းျမတ္ေတာ္မူျခင္း၏ ေစတနာအေပါင္းႏွင့္ သင္တို႔၏ယုံၾကည္ျခင္းအမွုကို တန္ခိုးႏွင့္ ျပည့္စုံေစေတာ္မူမည္ အေၾကာင္း၊ ငါတို႔သည္ သင္တို႔အဖို႔ အစဥ္ဆုေတာင္းပတၳနာ ျပဳၾက၏။
Burmese MCLZV
ဤအေၾကာင္းေၾကာင့္ငါတို႔သည္သင္တို႔ အတြက္အစဥ္အျမဲဆုေတာင္းပတၳနာ ျပဳၾက၏။ သင္တို႔သည္ေရြးေကာက္ေတာ္မူ ျခင္းေက်းဇူးေတာ္ႏွင့္အညီျပဳမူက်င့္ ႀကံနိုင္ၾကေစရန္ ငါတို႔၏ဘုရားသခင္ အားငါတို႔ေတာင္းေလၽွာက္ၾက၏။ ကိုယ္ေတာ္ သည္တန္ခိုးေတာ္အားျဖင့္သင္တို႔၏ေကာင္း ျမတ္သည့္လိုအင္ဆႏၵရွိသမၽွကိုျပည့္ဝ ေစေတာ္မူ၍ သင္တို႔၏ယုံၾကည္ျခင္းအရ ျပဳသမၽွေသာအမွုတို႔ကိုၿပီးေျမာက္ ခြင့္ေပးေတာ္မူပါေစေသာ။-
Burmese MSBU
ထို့ကြောင့် ငါတို့၏ဘုရားသခင်သည် သင်တို့ကို ခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေ၍ ကောင်းမြတ်သောအမှုကိုပြုလိုသောစေတနာစိတ်ရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုတို့ကို တန်ခိုးတော်အားဖြင့် သင်တို့၌ပြည့်စုံစေတော်မူမည့်အကြောင်း သင်တို့အတွက် ငါတို့အစဉ်အမြဲဆုတောင်းကြ၏။
Burmese MSBZ
ထို႔ေၾကာင့္ ငါတို႔၏ဘုရားသခင္သည္ သင္တို႔ကို ေခၚယူေတာ္မူျခင္းႏွင့္ထိုက္တန္ေသာသူမ်ားျဖစ္ေစ၍ ေကာင္းျမတ္ေသာအမႈကိုျပဳလိုေသာေစတနာစိတ္ရွိသမွ်ႏွင့္ ယုံၾကည္ျခင္းႏွင့္ဆိုင္ေသာလုပ္ေဆာင္မႈတို႔ကို တန္ခိုးေတာ္အားျဖင့္ သင္တို႔၌ျပည့္စုံေစေတာ္မူမည့္အေၾကာင္း သင္တို႔အတြက္ ငါတို႔အစဥ္အၿမဲဆုေတာင္းၾက၏။