2 Timothy 1:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။-
Burmese 1835 Version Judson
ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။
Burmese 1928
ဘု ရား သ ခင် သည် ငါ တို့ အ ပြု အ ကျင့် များ အ လျောက် မ ဟုတ်။ ရှေး မ ဆွ ကာ လ များ က ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ အား သ နား တော် မူ၍ ငါ တို့ ကယ် တင် ရှင် ခ ရစ် တော် ယေ ရှု ထင် ရှား တော် မူ ခြင်း အား ဖြင့် ယ ခု ဖော် ပြ သော အ ကြံ တော် နှင့် ကျေး ဇူး တော် အ လျောက် ငါ တို့ ကို ကယ် တင်၍ သန့် ရှင်း သော အ ဖြစ် အ နေ သို့ ခေါ် ထား တော် မူ၏။ ခ ရစ် တော် ယေ ရှု လည်း သေ ခြင်း တ ရား ကို ပယ် ဖျက် ပြီး လျှင် အ သက် ရှင် ခြင်း နှင့် သင်္ခါ ရ ကင်း ခြင်း တ ရား ကို သ တင်း တော် မြတ် အား ဖြင့် ဖွင့် ထား တော် မူ ပြီ ဖြစ်၍၊
Burmese 2021
ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဖို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။-
Burmese JBZV
ဘုရားသခင္သည္ ငါတို႔က်င့္ေသာအက်င့္ကို ေထာက္ေတာ္မမူ။ ေရွးကပ္ကာလမေရာက္မီ၊ ေယရွုခရစ္အားျဖင့္ ငါတို႔အဖို႔ ကိုယ္ေတာ္တိုင္ႀကံစည္ေတာ္မူေသာ ေက်းဇူးေတာ္ႏွင့္အညီ ငါတို႔ကိုကယ္တင္၍၊ သန္႔ရွင္းေသာအရာ၌ ေခၚသြင္းေတာ္မူ၏။-
Burmese MCLZV
ဘုရားသခင္သည္ငါတို႔အားကယ္တင္ေတာ္မူ ၍ မိမိ၏လူစုေတာ္အျဖစ္ျဖင့္ေရြးေကာက္ေတာ္ မူသည္မွာ ငါတို႔ျပဳလုပ္ခဲ့သည့္ေကာင္းမွုတစ္စုံ တစ္ရာေၾကာင့္မဟုတ္ဘဲ ကိုယ္ေတာ္တိုင္၏အႀကံ အစည္ေတာ္ႏွင့္ေက်းဇူးေတာ္ေၾကာင့္ျဖစ္ေပ သည္။ ကိုယ္ေတာ္သည္ကမၻာမတည္ရွိမီကာလ ကပင္ခရစ္ေတာ္ေယရွုအားျဖင့္ငါတို႔အား ထိုေက်းဇူးေတာ္ကိုခ်ေပးေတာ္မူ၏။-
Burmese MSBU
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။
Burmese MSBZ
ဘုရားသခင္သည္ ငါတို႔ကိုကယ္တင္ေတာ္မူ၍ သန႔္ရွင္းေသာေခၚယူျခင္းျဖင့္ ငါတို႔ကိုေခၚယူေတာ္မူသည္မွာ ငါတို႔ျပဳေသာအမႈမ်ားေၾကာင့္မဟုတ္ဘဲ မိမိ၏အႀကံအစည္ေတာ္ေၾကာင့္ျဖစ္ၿပီး ေရွးကာလမ်ားမတိုင္မီကပင္ ေယရႈခရစ္ေတာ္အားျဖင့္ ငါတို႔အားေပးေတာ္မူေသာေက်းဇူးေတာ္ေၾကာင့္ျဖစ္၏။